CNG Gas မရရှိခြင်းကြောင့် YBS ယာဉ်အစီးရေ ရှားပါးလာခဲ့

(ပြည်တွင်း)ဩဂုတ် ၁၆

      ပြီးခဲ့တဲ့ ရက်ပိုင်းကနေစတင်ကာ CNG Gas များမရရှိတာကြောင့် YBS ယာဉ်များယာဉ်အပြည့်အဝ ထွက်ရှိ နိုင်ခြင်းမရှိဘဲ ယာဉ်ရှားပါးမှုပြသနာကို ကြုံတွေ့နေရတယ်လို့ ခရီးသည်များရဲ့ ပြောပြချက်အရ သိရပါတယ်။

       လက်ရှိ ရန်ကုန်မြို့တွင်းမှာ စက်သုံးဆီအပြင် CNG Gas ပါပြတ်လပ်နေတာကြောင့် YBS ယာဉ်များအနေနဲ့ CNG Gas ဖြည့်တင်းရာမှာ ညအိပ်စောင့်ဆိုင်းကာ ဖြည့်တင်းနေရတယ်လို့ သိရပါတယ်။

       ရန်ကုန်မြို့တွင်းမှာ ယာဉ်အစီးရေ ၃,၅၀၀ ခန့် ခရီး သည်တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင် မှုပေးနေပြီး ယခင်ကထက် ထက်ဝက်ခန့်နီးပါး လျော့နည်းပြေးဆွဲနေရတယ်လို့ သိရပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (YESC) က မြင်းခြံမှာရှိတဲ့ V- Power နှင့် Sembcorp သဘာဝဓာတ်ငွေ့သုံးစက်ရုံများ အရေးပေါ်ရပ်တန့်သွားကြောင်း သြဂုတ်လ ၁၂ ရက်မှာ အသိပေးထုတ်ပြန်ထားပြီး အဲဒီလိုရပ်တန့်ခဲ့ရတဲ့ အတွက်  ၄၉၂၀ မဂ္ဂါဝပ်နာရီခန့် လျော့နည်းလျက်ရှိပြီး လျှပ်စစ်မီးလုံလောက်စွာမရရှိတဲ့အတွက် CNG Gas များ မရရှိတော့ခြင်း ဖြစ် ကြောင်း သိရပါတယ်။

#PAN