အွန်လိုင်းမှ ဈေးရောင်းချတဲ့  လုပ်ငန်း ၇,၁၀၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြု

(ပြည်တွင်း)ဩဂုတ် ၁၆

      အွန်လိုင်းစနစ်နဲ့ရောင်းချသော ကုန်စည်နှင့် ဝန် ဆောင်မှုလုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့ရာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်အထိ လုပ်ငန်းစုစုပေါင်း ၇,၁၆၉ ခုကို မှတ်ပုံတင်ခွင့်ပြု ထုတ် ပေးခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

       အွန်လိုင်းစနစ်နဲ့ ရောင်းချသော ကုန်စည်နှင့် ဝန် ဆောင်မှုလုပ်ငန်းများက မှတ်ပုံတင်လက်မှတ် လျှောက်ထား ရရှိပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ကုန်စည်ရောင်းချသူများကို အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဩဂုတ်လ ၁၀ ရက်မှာ ထပ်မံအသိပေးထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

      မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်း ချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူခြင်းခံရမယ်လို့ သိရပါတယ်။ ဒါကြောင့် အွန်လိုင်း စနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေနဲ့ eComReg System www. ecomreg. gov.mm မှာ မှတ်ပုံတင်လက်မှတ်များ လျှောက် ထားရယူကြရန် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကနေ အသိပေး နှိုးဆော်ထားပါတယ်။

#PAN