ဝက်လက် PDF တပ်စိတ်မှူးက သူ့ကိုပြန်မချစ်၍ မိသားစုရှေ့မှာတင် အမျိုးသမီးငယ်ကို ပစ်သတ်


(ပြည်တွင်း) ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှာ PDF ရဲဘော် ကိုပြည့်ဆိုသူက သူ့ကိုပြန်မကြိုက်တဲ့ အဲဒီရွာက အသက် ၂၃ နှစ်အရွယ် မယုမွန်ထိုက်ကို ယခုနှစ်ဖေဖော်ဝါရီလ ၂၆ ရက်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း နယ်မြေခံတွေရဲ့ပြောဆိုချက်အရ သိရပါသည်။

အဆိုပါလူသတ်မှုတရားခံ ကိုပြည့်ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တပ်ရင်း(၂)က တပ်စိတ်မှူးတစ်ယောက်ဖြစ်ကြောင်း ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါသည်။

အဆိုပါပစ်သတ်ခံရတဲ့ အမျိုးသမီးငယ်ရဲ့နေအိမ်မှာပစ်ခတ်သတ်ဖြတ်ခံရတဲ့အမှုဟာ (၅)လကျော်ကြာမြင့်တဲ့အထိ အရာမထင်သေးသလို တရားခံဖြစ်သူ ကိုပြည့်ဆိုသူဟာ ပြစ်ဒဏ်က ကင်းလွတ်နေဆဲဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် အသက် ၂၃ နှစ်အရွယ် မယုမွန်ထိုက်ရဲ့ မိသားစုဝင်တွေဟာ တရားမျှတမှုရရှိစေရေး ဆက်လက်ကြိုးပမ်းနေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါသည်။

ဒီလို (၅)လကျော်တဲ့အထိ တရားခံက ပြစ်ဒဏ်မကျခံရသေးတဲ့အပေါ် မယုမွန်ထိုက်မိခင်ဖြစ်သူရဲ့ ပြောဆိုချက်မှာတော့ `ပထမတစ်ခေါက်သွားလိုက်တုန်းကတော့ သူတို့ တရားရေးရှေ့နေမတွေနဲ့မတွေ့ခဲ့ဘူး… မအားဘူးဆိုပြီး ပြန်လာရတယ်…နောက်တစ်ခေါက်ကျတော့ တွေ့ခဲ့ရတယ်…သူတို့ အဲဒီကောင်လေး(ပြစ်မှုကျူးလွန်သူ)နဲ့လည်း တွေ့ပြီးဖြေရှင်းခဲ့တယ်ပေါ့…သူတို့ကလည်း ဟုတ်ပါတယ်ဆိုပြီး ၀န်ခံတယ်…အန်တီက လိုက်မသွားရဘူး…ဒေါ်လေးနဲ့ အိမ်သား(မယုမွန်ထိုက် ဖခင်) နဲ့လိုက်သွားခဲ့တာ…ကိုယ့်ဘက်ကတော့ ဥပဒေအရသာလုပ်ပေးပါလို့ ပြောခဲ့ကြောင်း…တော်ကြာသေမိန့်တွေဘာတွေကျ ကိုယ့်ဘက်က ပြောတာမဟုတ်ဘူး…ဥပဒေအရ လုပ်ပေးပါလို့ပဲ ပြောခဲ့ကြောင်း…ပထမတစ်ခေါက်တုန်းကသွားတော့ အန်တီတို့က လမ်းကြောမသိဘာမသိဆိုတော့ သူတို့ခေါ်သွားတော့ ပိုက်ဆံကကုန်တယ်…လေးငါးခြောက်ရက်လောက်နေကျ တစ်ခါပြန်ခေါ်တယ်…ပြန်ခေါ်တဲ့အချိန်မှာ ပိုက်ဆံကလည်း လက်ထဲမရှိတော့ဘူး… ရှာရဦးမှာ အဲဒီတော့ မလိုက်နိုင်ဘူးလို့ပြောတဲ့အခါမှာ ဘေးကဟာတွေက လိုက်သွား… ဒီအမှုက မလိုက်ရင် ကိုယ့်ပြန်ပတ်လိမ့်မယ်ဆိုပြီး ပြောတဲ့အချိန် အန်တီတို့က ပိုက်ဆံရှာပြီး ပြန်လိုက်ခဲ့ရကြောင်း…သူတို့ဘက်ကလည်း ပထမတစ်ခေါက်လိုက်ပြီး နောက်ကျ ငွေရေးကြေးရေးကြောင့်လည်း မဟုတ်ဘူး… ဘယ်လိုပြောမလဲ သူတို့ခေါ်တဲ့အချိန်တုန်းကကျ တို့ကမလိုက်ဘူးပေါ့… သူတို့ခေါ်တဲ့အချိန်တုန်းက တို့ကလည်း ပိုက်ဆံမှ မပြေလည်တာလေ… မပြေလည်တဲ့အခါကျ မလိုက်နိုင်ဘူးလို့ပြောတဲ့အခါ နောက်ပိုင်းကျ လိုက်ရတာပေါ့…ဒီအမှုက မပြီးဘူးပေါ့…အဲဒီတော့ ပိုက်ဆံရှာပြီးလိုက်လိုက်ရတာ… နောက်တစ်ခေါက်သွားတာတော့ အန်တီ့အမျိုးသားရယ်… ဒေါ်လေးရယ်ပဲသွားပြီး ဥပဒေအရလုပ်ပေးဖို့ ပြောခဲ့တာပေါ့…. ကိုယ့်ဘက်ကတော့ တောင်းဆိုခဲ့တာပေါ့… သူတို့ကဘယ်လိုလုပ်ပေးမယ်မသိသေးဘူး…NUG ကလည်း လုပ်ပေးမှာပါ…သူတို့ဘက်က ဘယ်လိုလုပ်ပေးမလဲဆိုတာ စောင့်နေရတဲ့အနေအထားပေါ့မျိုးပေါ့… တရားမျှတအောင်တော့ လုပ်ဆောင်ပေးတာမျိုးဖြစ်စေချင်ကြောင်း အသတ်ခံရတဲ့မိသားစုထံမှ သိရပါသည်။

လူ့အသက်တစ်ချောင်းကို အန်တီပြောပြမယ်..အန်တီ့သမီးကို သူ့ရဲ့မယားလည်းမဟုတ်ဘူး…သူလာလုပ်သွားတာ…သူက မိုက်မိုက်ကမ်းကမ်းတွေ လာလုပ်သွားတာ… အိမ်ထိကို လာသတ်သွားတာ… အန်တီတို့က ပိုက်ဆံမရှိတော့ ဘေးထွက်ပြီး ညောင်ပင်တွင်းရွာကို လုပ်ငန်းလုပ်စားရတာ အန်တီ့အိမ်သားနဲ့ပေါ့ကွာ… သူတို့ရွာကို အန်တီကလုပ်ငန်းလုပ်သွားတာ အန်တီအိမ်သား ဒေါ်လေးတို့က သခွတ္တောဆိုတော့ ဒေါ်လေးတို့က လှမ်းခေါ်လိုက်တာ…မန္တလေးကို ပြန်သွားမှာဆိုတော့ ကလေးမက မန္တလေးကို ပြန်သွားမယ်ဆိုတော့ မန္တလေးကိုလည်း စိတ်မချတော့…ထိန်းပြီးပြောမရတဲ့အခါကျ ဖအေကို ခေါ်လိုက်တဲ့အခါ ဖအေနဲ့ ဒေါ်လေးတို့ကရှိတယ်… လာ ငါ့တူ၊ ရေနွေးလေးဘာလေးသောက်ရအောင်လို့ ပြောတဲ့အခါ သူကမြောင်ဘက်၀င်းကို ဆိုင်ကယ်ထိုးထားတာ…အမှန်က ဘာမှမလုပ်ဘူးဆိုတဲ့လူတစ်ယောက်က ၀င်လာရင် သူ့ဟာသူ ဆိုင်ကယ်က အနောက်ဘက်လှည့်တယ်ဆို အနောက်ဘက်ပဲလှည့်ထားမှာ ခုဟာက သက်သက်မယ့်ကို အနောက်ဘက်လှည့်ထားတဲ့ဆိုင်ကယ်ကို အရှေ့ဘက်လှည့်ပြီး ရည်ရွယ်ချက်ရှိရှိလာတာနေမှာပေါ့… လက်ကွေးပြီးလာတာ သေနတ်ထဲကို… အိမ်သားကလည်း အဲဒါကို ကိုယ့်သားသမီးကို ဒီလိုလုပ်လိမ့်မယ်ကိုမထင်ဘူး… သူက ယုမွန်ထိုက် ‘လာ ရှင်းမယ်’ ဆိုပြီးပြောတော့ ငါ့သမီးကလည်း သိတဲ့အတိုင်း ပြောပေါက်က မတတ်ဘူး…ပြောပေါက်က ဆိုးတာ…ဆိုးတာက သူ့ကိုကြိုက်မှမကြိုက်တာ…မကြိုက်တဲ့အခါကျ ပြောလိုက်တာပေါ့လေ…။ ခင်ဗျားကဘာတုန်း…ကျုပ်အချစ်ကို လက်နက်နဲ့ ခြိမ်းခြောက်ယူ လို့ရမယ်ထင်လို့လားလို့ ပြောတဲ့အခါ…ပြောပြောဆိုဆို ပစ်သတ်သွားကြောင်း မိသားစုဝင်များက ပြောပြချက်အရ သိရပါသည်။

အခု လူသတ်မှုဖြစ်စဉ်ဟာ ၅ လကျော် ၆ လထဲရောက်ပြီ အန်တီကလည်း ဘယ်လိုမှကို ဖြေသာလို့မရဘူး..ပထမတစ်ခေါက် လိုက်သွားတုန်းက သူတို့ဘက်ကပြောတာက ခင်ဗျားတို့က ဖုန်းပေါ်အတင်စောသွားတာ… နို့မို့ဆို အသက်ပေါင်ကြေးလေးဘာလေးရဦးမှာလို့ပြောတာ… မရတာရတာအသာထား… သူတို့ဟာတွေ ဒီလိုလုပ်သွားတာ လုပ်သင့်သလား… သူတို့ဘက်က လူ့အသက်တစ်ချောင်းကို ဘလိုင်းကြီးလာသတ် သွားတာ…သူတို့အဖွဲ့တွေကလည်းသိတယ်…။ငါ သခွတ္တောကို ငါ့ဒလန်မတစ်ယောက်ကိုသွားရှင်းမယ်လို့ပြောခဲ့တာ… ဒလန်မလုပ်ရအောင်လည်း ဒီကလေးမလေးတို့က ကြိုက်လိုက်တာမှ အနီမှ အနီလေ…။ လေးလေးသားကလည်း ရွှေဘိုအဖွဲ့၀င်ထဲမှာ…အိမ်ကိုလာပြီး ရည်ရွယ်ချက်ရှိရှိသတ်သွားတာ…တစ်ယောက်က သမီးဖုန်းနဲ့ဆိုင်ကယ်သော့ယူသွားတယ်လို့ မိသားစုဝင်များထံ သိရပါသည်။

လုံခြုံရေးအရနာမည်မဖော်လိုတဲ့ သတင်းအရင်းမြစ်တစ်ဦးရဲ့ပြောဆိုချက်မှာတော့..အဲဒီအမှုကို NUG က ဘာတစ်ခုမှ အရေးမယူသေးဘူးဗျ..‘ပ’ သုံးလုံးဘက်ကဆိုရင် အရပ်သားတွေသာ ဖမ်းနေတာလေ… ‘ပ’သုံးလုံးထဲက အမှုဆို ဘာတစ်ခုမှ အရေးမယူသေးတာ… ဒီဘက်က ဓားပြမှုတစ်ခုဆိုရင် တိုက်နယ်ရပ်ကျေးပကဖထဲကဖြစ်တာ ပိုက်ဆံပေးပြီး အကုန်နှုတ်ပစ်တာဗျ… ဓားပြမှုမမြောက်ဘူးဆိုပြီး ဓားပြမှုက သက်သေတွေရော၊ ကားတွေရော၊ TV တွေရော၊ လက်နက်တွေရော အပ်တာကို ဓားပြမှုမမြောက်ဘူးဆိုပြီး နှုတ်ပစ်တာရှိတယ်ဗျ…ဒီမယုမွန်ထိုက်အမှုကတော့ ခရိုင်ဘက်ကိုရောက်သွားတယ်… မြို့နယ်အုပ်ချုပ် ရေးမှုးက ခရိုင်ကို တရားလိုလုပ်ပြီး ပြန်တင်တော့ ခရိုင်မှာစစ်ဆေးတယ်။ နောက်ထပ်သွားတာတော့ မတွေ့သေးဘူး။ သတင်းလည်း မရသေးတာ။ ဆက်လက်ပြီး လိုက်ထားတယ်ဗျ။ အမှုရှင်းနေရဆဲလို့တော့ ပြောတယ်။ အမှုကလည်း ၅ လကျော်ပြီ။ တရား၀င် ပြီးသင့်နေပြီပေါ့ဗျာဟု လုံခြုံရေးအရ အမည်မဖော်လိုသူတဦးထံသိရပါသည်။

ရွှေဘိုခရိုင်အတွင်း အပစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် အခုလိုအနိုင်ကျင့်ဗိုလ်ကျနေတာတွေကို ဒေသခံပြည်သူများက စိတ်ကုန် စိတ်ပျက်လာနေကြကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE#SZ