လက်နက်ခဲယမ်းသယ်လာသည့် မြင်းခြံခရိုင်တပ်ရင်း ၈ မှ တပ်ဖွဲ့ဝင် ၁ ဦးကို မန္တလေးPDFအဖွဲ့က ဖမ်းဆီး

(ပြည်တွင်း) ဩဂုတ် ၁၆

ရှမ်းပြည်နယ်အတွင်းမှလက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် မြင်းခြံခရိုင် တပ်ရင်း ၈ က တပ်ဖွဲ့ဝင် ၁ ဦးအား မန္တလေး PDF မှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ ရဲဘော်တစ်ဦးသည် NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ လက်မှတ်ပါ လက်နက်သယ်ယူခွင့်ထောက်ခံချက်စာနဲ့အတူ ဇူလိုင်လ ၁၀ ရက်နေ့တွင် လက်နက်များသယ်ယူလာစဥ် မန္တလေး PDF စိုးမိုးနယ်မြေသို့အရောက်၌ မန္တလေး PDF များမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

“လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ ရဲဘော်ကို မန္တလေး PDFအဖွဲ့က ဖမ်းဆီးထားတာ ၂ လကျော်ကြာနေပြီး သူနဲ့အတူ လက်နက်၊ ကျည်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေလည်းပါသွားတယ်လို့ကြားတယ်” ဟု ဒေသအတွင်း၌ ပြောဆိုမှုများရှိနေကြောင်း သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။

ဖမ်းဆီးထားသည့် ရဲဘော်အား သံခြေကျင်းခတ်ကာ စစ်သုံ့ပန်းများနှင့်အတူ ထားရှိထားသည်ဟု သိရပြီး ပြန်လွှတ်မပေးလျှင် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၈ အဖွဲ့မှ မန္တလေးPDFအဖွဲ့ထံသို့ အသိပေးထားသည်ဟုလည်း သတင်းအရင်းအမြစ်၏ပြောဆိုချက်အရ

GE #PAN