ရုရှားပိုင် Sudzha မြို့အား သိမ်းပိုက်လိုက်ကြောင်း ယူကရိန်းထုတ်ပြန်

(နိုင်ငံတကာ) သြဂုတ် ၁၆

      ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံအတွင်းသို့ ကျူး ကျော်တိုက်ခိုက်ပြီးနောက် ရုရှားနိုင်ငံပိုင် Sudzha မြို့အား သိမ်းပိုက်လိုက်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ကြာသပတေးနေ့က အတည်ပြုထုတ်ပြန်လိုက်သည်။

      ရုရှားနိုင်ငံ Kursk ဒေသ၏ အနောက်တောင်ဘက် ၁၀၅ ကီလိုမီတာ (၆၅( မိုင်အကွာထိ ယူကရိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ရုရှားပိုင်မြို့အချို့ကိုလည်း သိမ်းပိုက်ထားသည်။

       Sudzha မြို့သည် ရုရှားနိုင်ငံ၏ ဥရောပနိုင်ငံများသို့ စွမ်းအင်ဖြန့်ဖြူးပေးသည့် အဓိကအချက်အချာကျသည့်မြို့လည်းဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရုရှားစစ်တပ်သည် Kursk ဒေသပေါ်သို့ ပျံသန်းလာသည့် တိုက်ခိုက်ရေး ဒရုန်း ၁၁၇ စင်းကို ဖျက်ဆီးပစ်ချနိုင်ခဲ့ကြောင်းသိရသည်။

      ယူကရိန်း၏ ရုရှားနိုင်ငံအတွင်းသို့ တန်ပြန်ကျူး ကျော်ထိုးစစ်ဆင်မှုကြောင့် အဆိုပါဒေသမှ ရုရှားနိုင်ငံသား သိန်းနှင့်ချီ တိမ်းရှောင်နေရကြောင်းသိရသည်။

#PAN

AMK