ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးနှင့် စေတနာရှင်များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် သိန်း ၃၀၀ ကျော်လှူဒါန်း

(ပြည်တွင်း) သြဂုတ် ၁၆

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြန်မာနိုင်ငံရုပ်ရှင် သဘင် ဂီတအစည်းအရုံးများနှင့် အလှူရှင်များမှ ငွေကျပ် သိန်း ၃၀၀ ကျော် လှူဒါန်းကြောင်း သိရသည်။

အဆိုပါ ခထာက်ပံ့လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာခန်းမ၌ ယနေ့ ဩဂုတ် ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေကျပ် သိန်းသုံးရာကိုးဆယ့်ကိုးသိန်းခြောက်သောင်းနှင့် သုံးဆယ့် ခြောက်သိန်း ခုနှစ်သောင်း တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုများအား တိုင်းမှူးက လက်ခံရယူခဲ့သည်ဟု သိရပြီး အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်း စစ်မျက်နှာအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

#PAN