ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်တမ်းတိုးလိုက်တဲ့ မန်ယူအသင်း

ဩဂုတ် ၁၆

      ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်း ဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ ဩဂုတ်လ ၁၄ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

      ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ယူအသင်းတို့ရဲ့စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် မန်ယူ အသင်းက စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ မန်ယူအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်သလို စာချုပ်ထဲမှာ ၁ နှစ် သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

     မန်ယူအသင်းကို ၂၀၂၀ ပြည့်နှစ်မှာ ရောက် လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၃၄ ပွဲကစားပေးခဲ့ပြီး ၇၉ ဂိုးသွင်းယူကာ ၆၇ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

#PAN