တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားရန် ကြေညာ

(ပြည်တွင်း)ဩဂုတ် ၁၆

     ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက် ထားကြဖို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားဖို့အတွက် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့တဲ့ စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးတွေ)ဆီမှာ အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမယ့် ပုံစံစာအိတ်ကို ဩဂုတ်လ ၂၆ ရက်ကနေစတင်ပြီး ကိုယ်တိုင်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

      တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို ဩဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာလ ၁၂ ရက်အထိ ပိတ်ရက် မရှိ တက္ကသိုလ် ၂၃ ခုမှာ လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

      သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားသူတွေဟာ ရန်ကုန်မြို့၊ သထုံလမ်းမှာရှိတဲ့ အဆင့် မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)ကို ပေးပို့လျှောက်ထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#PAN