အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်

(ပြည်တွင်း)ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး​၊လှိုင်သာယာ(န)ပိုင်းမြို့နယ်| ၂၀ ရပ်ကွက်| ဗိုလ်တေဇပတ်လမ်းနှင့် ငွေလမင်းလမ်းထောင့်တွင် ယနေ့မွန်းတည့်၁၂နာရီခွဲအချိန်ခန့်က အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အရပ်ဝတ်ဖြင့် လူ ၅ ဦးခန့်မှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ၎င်းဇနီးဖြစ်သူနှင့်အတူ နေအိမ်ရှေ့ ခုံတွင်ထိုင်နေကြစဥ် အရပ်ဝတ်ဖြင့် လူ ၅ ဦးခန့်ရောက်ရှိလာပြီး ရှေ့ဆုံးမှ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် အိမ်အတွင်းသို့ အရင်ဝင်ရောက်လာကာ ဦးသန့်ဇင်အား “မလှုပ်နဲ့” ဟုပြောပြီး သေနတ်ဖြင့် ထိုးချိန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်ရန် ထိုးချိန်ခဲ့သည့်အတွက် ဦးသန့်ဇင်မှ စားပွဲခုံအားလဲချကာ ခေါင်းအုန်းအောက်ရှိ သေနတ်အားယူပြီး စတင်ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဖြင့် ဝင်လာသူမှလည်း ပြန်ပစ်ခဲ့သည့်အတွက် ဦးသန့်ဇင်၏ ဝဲဘတ်လက်မောင်းသို့ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုနောက်တွင် လူ ၃ ဦးခန့်မှ ဦးသန့်ဇင်၏ ခြေထောက်အား ကြိုးဖြင့်တုတ်နေစဥ် ကားတစ်စီးရောက်ရှိလာပြီး ဆေးရုံသို့ပို့မည်ဟုပြောကာ အဆိုပါကားဖြင့်တင်၍ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

#PAN #ZN