“ပြည်တွင်း၊ ပြည်ပ ဝယ်ယူသူများပြားလာခြင်းကြောင့် သကြားအရောင်းအဝယ် ပြန်လည်ကောင်းမွန်နေ”

(စီးပွားရေး) ဩဂုတ် ၁၅

မြန်မာ့သကြားကို ပြည်တွင်း၊ပြည်ပဝယ်ယူသူများပြားလာခြင်းကြောင့် မန္တလေးဈေးကွက်မှာ သကြား အရောင်းအဝယ်ပြန်လည်ကောင်းမွန်နေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ကနေ သိရပါတယ်။

မန္တလေးဈေးကွက်အတွင်း ဩဂုတ်လပထမပတ် သကြားအရောင်းအဝယ်မှာ ပုံမှန်အနေအထားတိုင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဩဂုတ်လဒုတိယပတ် သကြားအရောင်းအဝယ် တဖြည်းဖြည်း ပြန်လည်ကောင်းမွန် လာကြောင်း သိရပါတယ်။

ဒါ့အပြင် မန္တလေးဈေးကွက်ထဲမှာ ကုန်သည်များအဝယ်များလာခြင်းကြောင့် သကြားလက်ကျန် ရှားပါးမှုများ ရှိလာကာ သကြားတစ်ပိဿာကို ငွေကျပ် ၄,၇၅၀ ထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ထွက်ရှိတဲ့ သကြားကို အများဆုံးဝယ်ယူတဲ့ ပြည်ပနိုင်ငံများမှာ ဗီယက်နမ်၊ ထိုင်း စတဲ့နိုင်ငံများက မှာယူမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်းမှာ သကြားထွက်ရှိမှု အများဆုံးတိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရပါတယ်။

#PAN