၆ ကြိမ်မြောက် ဥရောပစူပါဖလားကို ရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

ဩဂုတ် ၁၅

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက အတ္တလန်တာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးများကို ဗယ်လ်ဗာဒီ (၅၉ မိနစ်) နဲ့ အမ်ဘာပေ (၆၈ မိနစ်) တို့က အနိုင်ဂိုးများ အသီးသီးသွင်းယူခဲ့ကြပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဥရောစူပါဖလားကို ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၂၂ နဲ့ ၂၀၂၄ တို့မှာ ဆွတ်ခူးပြီးနောက် ၆ ကြိမ်မြောက်နဲ့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။