သံတွဲမြို့နှင့် မောင်ရွှေရေတပ်အကြားတွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားနေ


(ပြည်တွင်း) ဩဂုတ် ၁၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲမြို့နှင့် မောင်ရွှေရေတပ်တို့အကြားရှိ ရေဖြူအိုင်ကျေးရွာ၊ သစ်ကောက်ကျေးရွာနှင့် ကျောက္ကလပ်ကျေးရွာတို့တွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့ မှစ၍ ယနေ့ အထိ AA သောင်းကျန်းသူ များနှင့် တပ်မတော်တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မြန်မာ့တပ်မတော်မှ ကြည်း၊ရေ၊လေ ပစ်ကူများဖြင့် နှိမ်နှင်းလျက် ရှိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း AA သောင်းကျန်းသူများ အကျအဆုံးများပြားနေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့နည်းတူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ဩဂုတ် ၁၁ ရက်နေ့မှစတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေပြီး တပ်မတော်မှ အင်အားပြည့်ချေမှူန်းခြင်းကြောင့် AA သောင်းကျန်းသူများ (ချင်းကွင်းချောင်း)တစ်ဘက်ကမ်းသို့ ဆုတ်ခွာထွက်ပြေးနေကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲများကြောင့် ဂွမြို့နယ်၊ ကျန္တလီမြို့နှင့် ဂွလမ်း တစ်လျှောက်ရှိ ကျေးရွာများမှပြည်သူများသည် အေးချမ်းတည်ငြိမ်မှုရှိသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော် သို့ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN