“ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၀၂၅ ခုနှစ် ပြက္ခဒိန်အတွက် ဓာတ်ပုံများပေးပို့ရန် ဖိတ်ခေါ်ထား”

(ပြည်တွင်း) သြဂုတ် ၁၅

၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေမည့် ရွှေတိဂုံစေတီတော်ပြက္ခဒိန်အတွက် ဓာတ်ပုံပညာရှင်/ဝါသနာရှင် ပါဝင်လိုသူများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မိမိတို့ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ရုပ်ပွားတော်များ၊ စေတီတော်နောက်ခံရှုခင်းများ စသည့်တို့၏ ကြည်ညိုဖွယ်ရာ(Portrait နှင့် Landscape) ဓာတ်ပုံ များကို ၁၀”x၁၅” အရွယ် Glossy Paper ဖြင့် ဓာတ်ပုံကိုထုတ်ကာ ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီ နောက်ဆုံး ထားပေးပို့နိုင်ကြောင်း ကြေညာထားပါတယ်။

ရွေးချယ်ခံရသည့် ဓာတ်ပုံများအတွက် ထိုက်သင့်သည့်ချီးမြှင့်ငွေများ ပေးအပ်သွားမှာဖြစ်ပါတယ်။

အသေးစိတ်နှင့် စည်းကမ်းချက်များကို ရွှေတိဂုံစေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဖုန်းနံပါတ် ၀၁၈-၃၇၅၇၆၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။

#PAN