ရော်ဘတ်တို ရဲ့ နှုတ်ဆက်ပွဲ ကျင်းပပြုလုပ်ပေးခဲ့တဲ့ ဘာစီလိုနာအသင်း


(အားကစား) ဩဂုတ် ၁၅

ဘာစီလိုနာအသင်းဟာ အသင်းနဲ့စာချုပ်သက်တမ်းပြည့်သွားခဲ့တဲ့ စပိန်နောက်ခံကစားသမား ရော်ဘတ်တို ကို ဩဂုတ်လ ၁၃ ရက်မှာ နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရော်ဘတ်တိုနဲ့ ဘာစီလိုနာ အသင်းတိုရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ဇွန်လတုန်းက ကုန်ဆုံးခဲ့တာဖြစ်ပြီး စာချုပ်သစ် ထပ်မချုပ်ဖြစ်တော့တာ ကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင် ရော်ဘတ်တိုက အသင်းက ထွက်ခွာရတော့မှာဖြစ်ပေမယ့် အသင်းနဲ့အတူ ၁၈ နှစ်ကြာ ဖြတ်သန်းခဲ့ရတာတွေအတွက် ဂုဏ်ယူမိတယ်လို ပြောပါတယ်။

ဘာစီလိုနာအကယ်ဒမီ ကစားသမား ဖြစ်တဲ့ ရော်ဘတ်တို ဟာ ဘာစီလိုနာကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၃၇၃ ပွဲကစားပေးခဲ့ပြီး ဖလားပေါင်း ၂၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်ဘတ်တို ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပေမယ့်လည်း မည်သည့် အသင်းသစ်နဲ့ လက်တွဲရန် မဆုံးဖြတ်ရသေးဘူးလို သတင်းတွေက ဖော်ပြနေကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ