ရေစကြိုတွင် တိုက်ပွဲပြင်းထန်နေ


(ပြည်တွင်း) ဩဂုတ်၁၅

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာတွင် တပ်မတော်စစ်ကြောင်းနှင့် PDF အကြမ်းဖက်များတို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေသည့် တပ်မတော်စစ်ကြောင်းမှာ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေစကြိုမြို့နယ် ကိုရင့်ကျေးရွာကိုရောက်ရှိလာစဉ် PDF အကြမ်းဖက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားစစ်ကြောင်းအား အကြမ်းဖက်သောင်းကျန်းသူများမှ အနီးကပ် လာရောက်တိုက်ခိုက်နေသည့်အတွက်ကြောင့် ဟင်္သာကျေးရွာပြည်သူ့စစ်များမှလည်း ပစ်ကူပေးနေရကြောင်း သိရပြီး ယခုနံနက်ပိုင်းတွင် လေကြောင်းပစ်ကူရောက်ရှိသည့်အတွက် အကြမ်းဖက်သောင်းကျန်းသူများ အထိအခိုက်များနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN