“ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁,၀၀၀ ကျော် ရရှိရန် မျှော်မှန်းထား”

(စီးပွားရေး) ဩဂုတ် ၁၅

ပြည်ပသို့ နှစ်စဉ် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းခွဲခန့်အထိ တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁,၀၀၀ ကျော်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့ပါတယ်။

 လက်ရှိအချိန်မှာ ပြည်ပတင်ပို့မှုကနေ တစ်နှစ်မှာ ဆန်တန်ချိန်နှစ်သန်းခန့် တင်ပို့နိုင်ရန် ရည်ရွယ်ထားပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် ပြည်ပတင်ပို့မှုက အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ဝင်ငွေ ရရှိခဲ့ပြီးယခုနှစ်မှာတော့ သန်း ၁,၀၀၀ ကျော်ခန့် ရရှိရန် ခန့်မှန်းထားတယ်လို့ ဦးရဲမင်းအောင် က ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမိုးတွင်းကာလမှာတော့ လစဉ်တန်ချိန် တစ်သိန်း၊ တစ်သိန်းခွဲခန့်တင်ပိုင်နိုင်နေရပြီး ပွင့်လင်း ရာသီမှာတော့ တန်ချိန်နှစ်သိန်း၊ နှစ်သိန်းခွဲခန့် တင်ပို့နိုင်အောင် စီစဉ်နေပါတယ်လို့ ဦးရဲမင်းအောင်က ပြောကြား ခဲ့ပါတယ်။

 ဒါ့အပြင် နိုင်ငံတကာမှ ဝယ်လိုအားအနေနဲ့ ဥရောပနိုင်ငံများက အများဆုံးဝယ်ယူနေပြီး တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် ၁၁၁,၈၆၂ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၇၁,၂၇၉ ဒသမ ၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လမှာ ၁၆,၂၃၂,၅ ဒသမ ၇၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ၁၆၅,၄၄၄ ဒသမ ၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ သန်းရှိခဲ့ပြီး ဧပြီလမှ ဇူလိုင်လအထိ လေးလတာအတွင်း ဆန်နှင့် ဆန်ကွဲ ၅၁၀,၉၁၁ ဒသမ ၆ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၆ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း၏ စာရင်းများအရ သိရသည်။

#PAN

သတင်းအပြည့်အစုံဖတ်ရန် –