“မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံပေါင်း ၃,၀၀၀ ကျော်ရှိပြီးဖြစ်ကာ ထပ်မံပါဝင်ရန် နှိုးဆော်”

(စီးပွားရေး) သြဂုတ် ၁၅

မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံပေါင်း ၃,၀၀၀ ကျော်ရှိပြီဖြစ်တာကြောင့် ထပ်မံပါဝင်နိုင်ရန် ထပ်မံ ပါဝင်နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်(MRF)မှ နှိုးဆော်ထားပါတယ်။


ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


ဒါ့အပြင် ဆန်ဆိုင်ခန်းများဖြင့် ဆန်ရောင်းချသူများကိုလည်း သိုလှောင်မှုမှတ်ပုံတင်သည့်စနစ်တွင် ပါဝင်နိုင် ရန် စီစဉ်နေလျက်လည်းရှိနေပါတယ်။


အဆိုပါစနစ်သည် ဆန်စပါးကဏ္ဍကို ခေတ်မီ Digital နည်းလမ်းများဖြင့် တစ်နည်းအားဖြင့် ပြောင်းလဲပြီး စီမံခန့်ခွဲရန် ပိုမိုလွယ်ကူနိုင်မှာြဖစ်သလို ပြည်တွင်းမှာ ဆန်စပါးဖူလုံရေးအပြင် ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချ နိုင်ရန်၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရန်၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရန်နှင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရန်တို့အတွက် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် မှတ်ပုံတင်ရန် ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

#PAN