ပြည်ပသို့ အလုပ်သွားလုပ်မည့်သူတိုင်း သက်သေခံကတ် (OWIC)ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အသိပေး


(ပြည်တွင်း) ဩဂုတ် ၁၅

ပြည်ပကိုအလုပ်သွားလုပ်မယ့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC)ရရှိမှသာ သွားရောက်လုပ်ကိုင်ကြဖို့ အသိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေဟာ (Passport for Job – PJ)အမျိုးအစား နိုင်ငံကူးလက်မှတ်ကို လျှောက်ထားဖို့လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ မဖြစ်မနေမှတ်ပုံတင်ပြီးမှ သွားရောက် လုပ်ကိုင်ဖို လိုတယ်လို ဆိုပါတယ်။
အခုအခါ ပြည်ပနိုင်ငံတွေကို အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖိုထုတ်ပေးတဲ့ (Passport for Visit – PV) အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေဟာ အလည်အတွက် မဟုတ်ဘဲ အလုပ်အကို င်ဗီဇာတွေ လျှောက်ထားရယူကာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ပြည်ပမှာအခက်အခဲပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ရင် ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့ အခက်အခဲတွေကြုံနေရတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပကိုထွက်ခွာရာမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နယ်စပ်ဂိတ်တွေမှာ စိစစ်တားမြစ်ခြင်းတွေခံရရင် မလိုလားအပ်တဲ့ ဆုံးရှုးမှုတွေ မဖြစ်ပေါ်စေဖို အတွက် ပြည်ပကို အလုပ်သွားလုပ်မယ်လို ရည်ရွယ်ပါက မူလကတည်းက PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုလျှောက်ထားပြီး အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကာ သက်သေခံကတ် (OWIC)ရယူပြီး တရားဝင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြရန် အသိပေး တိုက်တွန်း ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ