ဒီလစ်ချ်နှင့်မာဇရာဝီကို မန်ယူ တရားဝင်မိတ်ဆက်


(အားကစား) ဩဂုတ် ၁၅

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်တန်းကစားသမားတွေ ဖြစ်ကြ တဲ့ ဒီလစ်ချ်နဲ့ မာဇရာဝီတိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဩဂုတ်လ ၁၃ ရက်က တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတွေက အားနည်းနေခဲ့တဲ့ အသင်းရဲ့နောက်တန်းကို ဖြည့်တင်းဖိုအတွက် ဒီလစ်ချ်နဲ့ မာဇရာဝီတိုကို ခေါ်ယူဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ကစားသမားသစ် နှစ်ယောက်လုံးကို တစ်ပြိုင်နက် မိတ်ဆက်ခဲ့တာဖြစ်ပြီး ဘိုင်ယန် မြူးနစ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်ပေးချေခဲ့ရတယ်လို သတင်းတွေ က ဖော်ပြခဲ့ကြ ပါတယ်။

ဒီလစ်ချ်ကို မန်ယူအသင်းက ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး မာဇရာဝီကို ၄ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ ပါတယ်။

ကစားသမားသစ်နှစ်ယောက်စလုံးက မန်ယူနည်းပြတန်ဟတ်နဲ့ အေဂျက်ဇ်အသင်းမှာကတည်းက လက်တွဲ ခဲ့ဖူးတာကြောင့် အသင်းအတွက် အကျိုးရှိမယ့် ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို ပရိသတ်တွေက ယုံကြည်နေကြပါ တယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ