ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများထဲမှ PJ နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများ ရက်ချိန်းမလိုဘဲ ဆောင်ရွက်နိုင်


(နိုင်ငံတကာ) ဩဂုတ် ၁၅

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေထဲမှာ (PJ) နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူတွေအနေနဲ့ရက်ချိန်း တိုကင်မလိုဘဲ ရုံးဖွင့်ရက်တွေမှာ လူကိုယ်တိုင်လာရောက်ပြုလုပ်နိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က ဩဂုတ်လ ၁၃ ရက်က အသိပေးကြေညာထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ မြန်မာတွေအတွက် (PJ) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်သူတွေကို စာအုပ်အသစ် ပြုလုပ်ပေးဖို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်ကစပြီး စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင် လာရောက်ယူရတဲ့စနစ်ကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ယခုချိန်မှာ ရက်ချိန်း တိုကင်ရယူတဲ့သူ အရေအတွက်နည်းပါးသွားပြီဖြစ်တာကြောင့် လာမယ့်ဩဂုတ်လ ၁၇ ရက်ကစပြီး ရက်ချိန်း တိုကင် ပေးတာကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး တိုကင်မလိုဘဲ လူကိုယ်တိုင်လာရောက် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

အခုလို ဆောင်ရွက်ပေးရာမှာလည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ သက်တမ်းကုန်သူများကို ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထုတ်ပြန် ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ