ကျောင်းသားများအား ရန်ပြုတိုက်ခိုက်သည့် တောဝက်ကို အုပ်ချုပ်ရေးအဖွဲ့မှဖမ်းဆီးရမိ

(ပြည်တွင်း) သြဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ အေးသာယာမြို့သစ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းအတွင်းသို့ ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်တောဝက် ၂ ကောင်ရောက်ရှိလာပြီး ကျောင်းသား ကျောင်းသူများအား ရန်ပြုတိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

ထိုကဲ့သို့ရန်ပြုတိုက်ခိုက်နေသည့် တောဝက်များအား အေးသာယာမြို့သစ် အမှတ် ၁ဝ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာတောဝက်အမတစ်ကောင်အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ပြုတိုက်ခိုက်မှုတွင်ပါဝင်နေသည့် တောဝက်တစ်ကောင်မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

#PAN