PDF စခန်းအတွင်း လက်နက်ကြီးကျည် ကျ​ရောက်​ပေါက်ကွဲသဖြင့် PDF ၆ ဦးခန့် ပြင်းထန်ဒဏ်ရာရ


(ပြည်တွင်း) သြဂုတ် ၁၄

တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်၊ ​လောင်းလုံးမြို့နယ်၊ သ​ဘော့ဆိပ်​ကျေးရွာအုပ်စု၊ ပြင်ကြီးရွာရှိ အကြမ်းဖက် PDF စခန်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ့ခဲ့သည့်အတွက် PDF အများအပြားဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ ည​နေ ၆ နာရီဝန်းကျင်အချိန်ခန့်က တပ်မတော်ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သုံးလုံးမှာ PDF စခန်းအနီးတစ်ဝိုက် ပေါ်သို့ ကျ​ရောက်​ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း

“လက်နက်ကြီးကျည်တစ်လုံးက PDF စခန်းအတွင်းကျ​ရောက်​ပေါက်ကွဲတာ ၆ ဦးခန့် ဒဏ်ရာတော်တော်ပြင်းပြင်းရသွားတယ်၊ သေနိုင်တဲ့အနေအထားမှာရှိတယ်” ဟု သတင်းအရင်းအမြစ်၏ပြောဆိုချက်အရ

ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် PDF များကို ပြင်ကြီး​ကျေးရွာ​တောရဘုန်း​တော်ကြီး​ကျောင်းတွင်​ ဆေးကုသမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

၎င်းအပြင် PDF တပ်ဖွဲ့ဝင်များသည် အိမ်ပိုင်ရှင်များ တွက်ပြေးတိမ်းရှောင်နေသည့် ပြင်ကြီး​​ကျေးရွာ၊ကြံ့ခိုင်ရေးပါတီဝင်များဖြစ်​သော ကိုသက်​ထွေး၊ ​ဒေါ်သီတာ​အေးနင့်ဦး​ဇော်မျိုးဦးတို့​၏ နေအိမ်များတွင်အခိုင်အမာဝင်​ရောက်တပ်စွဲ​နေထိုင်လျက်သည်ဟုလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ