BIMSTEC Young Gen Forum တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တတ်ရောက်ရန် ဖိတ်ခေါ်


(ပြည်တွင်း) ဩဂုတ် ၁၄

ဘင်းမ်စတက်အဖွဲဝင်နိုင်ငံများမှ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ် တီထွင်မှုနှင့် အပြန်အလှန်နားလည်မှုတိုကို တိုးမြှင့်စေရန်ရည်ရွယ်ကာ ထိုင်းနိုင်ငံမှ BIMSTEC Young Gen Forum: Where the Future Meets” ကို ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ထားကြောင်းသိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ၇ ခုအနက် မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အားသာချက်တစ်ခုဖြစ်ပြီး အခွင့်အလမ်းများရရှိနိုင်မည်ဟု ယူဆရတဲ့ နှစ်သက်ရာကဏ္ဍ ၁ ခုစီနှင့် ဆက်စပ်လျက် ပါဝင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတိုနိုင်ငံ ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံအလိုက် TED Talk ပုံစံရှင်းလင်းတင်ပြချက်ကို ၁၀ မိနစ်ခန့် ပြုလုပ်သွားရမှာဖြစ်ပြီး ကိုယ်စားလှယ်အတွက် အသွား/အပြန် (Economy Class) လေယာဉ် လက်မှတ်ခ၊ ၃ ရက်စာ တည်းခိုနေထိုင်စရိတ်နှင့် ဟိုတယ်မှလေဆိပ်သို အသွား/အပြန် သယ်ယူပိုဆောင်မှုတိုကို ကျခံပေးသွားမှာ ဖြစ်ပါတယ်။

“BIMSTEC Young Gen Forum: Where the Future Meets”သို့ တက်ရောက်လိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားပါတယ်။

BIMSTEC အစည်းအဝေးများတွင် စီးပွားရေးအခွင့်အလမ်းများစွာ ချိတ်ဆက်နိုင်သည့် အခွင့်အရေးများရှိနေပြီး ဘင်္ဂလားပင်လယ်အော်တစ်လျှောက် နိုင်ငံများအချင်းချင်း အတွေ့အကြုံနှင့် သင်ခန်းစာများ ဖလှယ်နိုင် ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN