“အမေရိကန် က ဇီလန်စကီနေရာကို အစားထိုးနိုင်ရေး လုပ်ဆောင်နေဟု ရုရှားပြော”


(နိုင်ငံတကာ) ဩဂုတ် ၁၄

အမေရိကန်အစိုးရက ယူကရိန်းသမ္မတ ဇီလန်စကီ၏နေရာကို အစားထိုးနိုင်ရေးအတွက် လုပ်ဆောင်နေ ကြောင်း ရုရှားပြည်ပထောက်လှမ်းရေးဌာနက ဩဂုတ်လ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုသိုအစားထိုးရာ တွင် အနောက်အုပ်စုမှ မဟာမိတ်နိုင်ငံများနှင့်ပိုမိုသင့်လျော်ပြီး ထိန်းသိမ်းရလွယ်ကူသော လာဘ်စားမှုနည်းသော သူကို ရှာဖွေနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ယူကရိန်းအစိုးရ က ယင်း နိုင်ငံ၏နယ်နမိတ်ကိုကျော်လွန်ပြီး တင်းမာမှုကိုပိုမိုမြင့်တက်စေမည့် ခြေလှမ်းများကို လှမ်းနေကြောင်း ထောက်လှမ်း ရေးဌာန က ပြောသည်။
ထိုကြောင့် ဇီလန်စကီကို ယူကရိန်းပြည်ထဲရေးဝန်ကြီးဟောင်း အာဆန်အေ ဗာကော့နှင့် အစားထိုးရန် အမေရိကန်စဉ်းစားနေကြောင်း ထောက်လှမ်းရေးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ထိုပြင် အမေရိကန်အစိုးရသည် ဇီလန်စကီအနေဖြင့် ရာထူးမှနုတ်ထွက်သွားစေရေးအတွက် ၎င်းကိုအယုံအကြည်မရှိသည့် သတင်းအချက်အလက်စစ်ဆင်ရေး လုပ်ငန်းတစ်ခုကို လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN