“သြဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးဈေးကွက်၌ သကြားများ အရောင်းအဝယ်ကောင်းလျက်ရှိ”

(စီးပွားရေး) ဩဂုတ် ၁၄

မန္တလေးဈေးကွက်၌ သြဂုတ်လဒုတိယပတ်အတွင်း သကြားများ အရောင်းအဝယ်ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ သိရပါတယ်။

မန္တလေးဈေးကွက်အတွင်း ဩဂုတ်လပထမပတ်က သကြားအရောင်းအဝယ်မှာ ပုံမှန်အနေအထားတိုင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်လဒုတိယပတ်အတွင်းမှာတော့ သကြားအရောင်းအဝယ် ပိုမိုကောင်းမွန်လာပါ တယ်။

ယခုလက်ရှိမှာတော့ ပြည်တွင်း၊ ပြည်ပက ဝယ်ယူမှုများပြားလာခြင်းကြောင့် သကြားအရောင်းအဝယ် ပြန်လည်ကောင်းမွန်နေပြီး  သကြားတစ်ပိဿာလျှင် ငွေကျပ် ၄,၇၅၀ အထိ ဈေးရရှိနေပါတယ်။

ပြည်တွင်းမှထွက်ရှိတဲ့ သကြားကို ပြည်ပနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံတွေက မှာယူမှု အများဆုံးဖြစ်ပါတယ်။ ပြည်တွင်း၌ သကြားထွက်ရှိမှု အများဆုံးတိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရပါတယ်။

#PAN