လူငယ်နှင့် နိုင်ငံရေး

(ဆောင်းပါးကဏ္ဍ)

ဆောင်းပါးရှင် ဗိုလ်အေး

သြဂုတ် ၁၄

လူငယ်နှင့် နိုင်ငံရေးခေါင်းစဥ်က လက်ရှိမြန်မာ နိုင်ငံရဲ့နိုင်ငံရေးဖြစ်စဥ်အတွက်  အရေးပါတဲ့ခေါင်းစဥ် ဖြစ်နေပါတယ်။ လူငယ်ဆိုတဲ့နေရာမှာ အသက် (၁၅) နှစ်နဲ့ (၂၅) နှစ်ကြားအရွယ်ကို လူငယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတာမို့ နိုင်ငံရေးစလုပ်တဲ့ အရွယ်လို့ ခေါ်နိုင်ပါတယ်။ သို့သော်လည်း မြန်မာ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ အင်္ဂလန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေအပါအဝင် နိုင်ငံအများစုမှာ (၁၈) နှစ်ပြည့်ရင် ဆန္ဒမဲ ပေးနိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရတဲ့ အသက်အရွယ်ကို နိုင်ငံအရေးမှာ ပါဝင်ခွင့်ရတဲ့ အချိန်အခါလို့ ဆိုရမှာဖြစ်ပါတယ်။

      မြန်မာလူဦးရေ သုံးပုံတစ်ပုံဟာ (၁၅) နှစ် နဲ့ (၃၅) နှစ်ကြားက လူငယ်တွေဖြစ်လို့ သူတို့ပါဝင်တဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်နိုင်မဲ့ အရွယ်ကို ပြောရမယ်ဆိုရင် (၂၅) နှစ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လုပ်နိုင်ပြီး အသက် (၃၀) မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဖြစ်နိုင်တယ်လို့ ဥပဒေပြဌာန်းထားပါတယ်။

နိုင်ငံရေးမှာ လူငယ်တွေပါဝင်ခဲ့မှုကို ဥပမာပြောရရင်၊ နိုင်ငံတကာအနေနဲ့ အင်္ဂလန်ဝန်ကြီး ချုပ်ဟောင်း David Cameron ဟာ (၁၈) နှစ်သားမှာ ပါတီဝင် ဖြစ် လာပြီး ပါလီမန်ဆွေးနွေးပွဲတွေကို နားထောင်လေ့ ရှိပါတယ်။ David Cameron  (၃၅) နှစ်ရောက်တော့ လွှတ် တော်အမတ် ဖြစ်လာပြီး (၄၄) နှစ်မှာ ဝန်ကြီးချုပ် ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးမှာ လူငယ်များ အစောဆုံးပါဝင်လာမှုအနေနဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့အတွက် ကျောင်းသားခေါင်း ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ အသက် ၂၀ အရွယ် ကိုအောင်ဆန်း၊ ကိုနုနဲ့ ကျောင်းသား​ခေါင်းဆောင်တွေပဲဖြစ်ကြပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကိုကြည့်ရင် အသက် (၂၀) ဝန်းကျင် လူငယ်ဘဝမှာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာကြတာ တွေ့ရပါတယ်။ 

     မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးဖြစ်စဥ်များကို လေ့လာကြည့်ရင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးခဲ့သလို တစ်ပါတီ စနစ်ကျင့်သုံးခဲ့တာလဲ ရှိခဲ့ပါတယ်၊ ခေတ်ကာလအလျောက်  ပြည်သူလူထုက လိုလားတဲ့ နိုင်ငံရေးစနစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ပြဌာန်းပြီး ပြောင်းလဲ ကျင့်သုံးခဲ့တယ်လို့ ပြောရမှာပဲ၊ ဒီလို နိုင်ငံ ရေးစနစ်တွေတိုင်းမှာ ပြည်ပ ပယောဂစွက်ဖက်မှုတွေနဲ့ လူငယ်တွေကို လမ်းမှားရောက်အောင် နိုင်ငံရေးမှာ အသုံးချခဲ့ကြတယ်၊ ဥပမာ ပြောရရင် ၁၉၇၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်း၊ ၁၉၈၈ ခုနှစ် နိုင်ငံတဝှမ်း ဆူပူအုံကြွမှုစတဲ့ အရေးအခင်းများမှာ ကျောင်းသားလူငယ်များကို အဓိကထား အသုံးချခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ လူငယ်တွေဟာ နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြပေမဲ့လည်း လမ်းမှားရောက်ပြီး အနှုတ်လက္ခဏာဆောင်ခဲ့ပါတယ်။

     တကယ်တော့ ကျောင်းသားတွေဟာ နိုင်ငံရေးမှာ လွဲမှားစွာ အသုံးချခံခဲ့ကြရတာပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးအတွက် ပေါက်ဖွားလာတဲ့ တပ်မတော်ဟာ နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဥ်တိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတာဟာ သဘာဝကြတယ်လို့ ဆိုနိုင်ပါတယ်။ ” ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး ” ဆိုတဲ့ တို့တာဝန်ရေး အရေး သုံးပါးကို ခြိမ်းခြောက် ထိခိုက်လာတိုင်း နိုင်ငံ တော်အာဏာကို ထိန်းသိမ်းခဲ့တာတွေကို  အနောက် နိုင်ငံများက မနှစ်မြို့ကြပေ။ ဒါကြောင်လည်း  မြန်မာ နိုင်ငံကို ၎င်းတို့အလိုကျ ဖြစ်ဖို့ မြန်မာ့တပ်မတော်ကို ချိနဲ့သွားအောင်၊ ပြိုလဲသွားအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ တပ်မတော်ကို မုန်းတီစိတ်များကို ပြည်သူ လူထုအတွင်း မီဒီယာများမှတစ်ဆင့် မှိုင်းတိုက်ခဲ့ကြတာ၊ အထူးသဖြင့် မြန်မာ့ လူငယ်ထုအတွင်း တပ်မတော်အပေါ် မုန်းတီစိတ်များ မြင့်မားလာစေပါတယ်။ ဒါကြောင့်လည်း လူငယ်များဟာ အကြောင်းတိုက်ဆိုင်မှုရှိတိုင်း လမ်းပေါ်ထွက် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

       ဒီလို နိုင်ငံရေးဖြစ်စဥ်တွေအရပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး (၂၀၁၀)ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကို ကျင်းပခဲ့တယ်၊ ပြီးတော့ တပ်မတော်အုပ်ချုပ်ရေးစနစ် မှ အရပ်သားအစိုးရအုပ်ချုပ်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ သွေး ထွက်သံယိုမှုမရှိဘဲနဲ့ ညင်သာစွာပြောင်းလဲနိုင်ခဲ့ပါတယ်။ (၂၀၁၁)ခုနှစ် ဧပြီ(၁)ရက်နေ့မှစပြီးတော့ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားဒီမိုကရေစီအစိုးရသစ်ကို ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ယူပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီ အုပ်ချုပ်တဲ့ (၅)နှစ်တာ ကာလအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ကြီးမားစွာဆောင်ရွက်နိုင်ခဲ့တာကို ကမ္ဘာအသိဖြစ်ပါတယ်။

      (၂၀၁၅)ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာတော့ အတိုက်ခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖြစ်တဲ့ (NLD)ပါတီက မဲအများဆုံးရရှိတဲ့အတွက် ဒုတိယ(၅)နှစ်သက်တမ်းအတွက် တာဝန်ယူအုပ်ချုပ်ခဲ့ပါတယ်။ ဒီကာလမှာ နိုင်ငံတော်မှာ ပြဌာန်းထားတဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့ ဥပဒေများကို ပြင်ဆင်ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ဖျက်သိမ်းလိုက်တဲ့ ဥပဒေတွေအထဲမှာ လူငယ်တွေကို ထိခိုက်စေတဲ့ ဥပဒေ ပါဝင်ခဲ့ပါတယ်။ အဲဒါဘာလဲဆိုတော့ မူးယစ်ဆေးဝါးဥပဒေ​ရဲ့ ပြစ်ဒဏ်များကို လျှော့ပေါ့ပြင်ဆင်ပြီး လူမှုရေးပြစ်ဒဏ်သာ လျှော့ပေါ့ပေးလိုက်တာပဲဖြစ်ပါတယ်။ အကျိုးဆက်ကတော့ မြန်မာ လူငယ်များအတွင်း မူးယစ်​ဆေးသုံးစွဲမှု ပိုမိုမြင့်မားလာခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုမရှိဘူးဆိုတဲ့ စကားအတိုင်း ဒီလို ဥပဒေပြင်ဆင်တာဟာ အကြောင်းမဲ့သက်သက်မဟုတ်ဘူးဆိုတာကို နောင်မှာ အဖြေပေါ်ထွက်လာမှာဖြစ်ပါတယ်။

     လက်ရှိနိုင်ငံရေးဖြစ်စဥ် ဖြစ်ပေါ်လာရရင်းအကြောင်းက (၂၀၂၀)ခုနှစ် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖြစ်တဲ့ (NLD)ပါတီက မဲမသာမာမှုများ ပြုလုပ်ပြီး မသမာတဲ့နည်းလမ်းနဲ့ နိုင်ငံ့တော်အာဏာကို ရယူဖို့ ကြိုးစားခဲ့တဲ့အတွက် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့ရ​ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက တပ်မတော်က အာဏာမထိန်း သိမ်းခင်မှာ မဲမသာမာမှုများအပေါ် ပြန်လည်စိစစ်ပေးဖို့ အကြိမ်ကြိမ်ညှိုနှိုင်းခဲ့သော်လည်း အာဏာရ ပါတီအစိုးရက လက်မခံခဲ့ပဲ လွှတ်တော်ကို အတင်းဇွတ်ခေါ်ယူခဲ့တာဟာလည်း သမိုင်းအထောက် အထားများ ကျန်ရှိနေခဲ့ပါတယ်။

      အဲဒီမဲလိမ်မဲခိုးမှုဖြစ်ပြီးနောက် တပ်မတော်ကအာဏာထိန်းတဲ့အပေါ် လူငယ်အများစုပါဝင်တဲ့ လူထုကြီးဟာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုလူငယ်တွေ လမ်းပေါ်ရောက်လာအောင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားတဲ့အဖွဲ့က ကြိုတင်စီမံထားတဲ့အတိုင်း ပထမ သာမန်ဆန္ဒပြရာမှ အကြမ်းဖက်ဆန္ဒပြမှုများ ကျူးလွန်လာတဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်၊ ယခင်ကတည်း က တပ်မတော်မုန်းတီးရေးကို မီဒီယာပေါင်းစုံက နှစ်ပေါင်းများစွာ မှိုင်းတိုက်ခဲ့တဲ့အတွက် ဒီလူငယ်တွေဟာ လမ်းမှားပေါ် လုံးလုံးရောက်သွားကြတာပါ။ ဒါ့အပြင် Generation-Z(G – Z) ဆိုတဲ့ဝေါဟာရကို လူငယ်တွေ ရင်ထဲစွဲသွားအောင် သုံးနှုန်းပြီး ဝါဒမှိုင်းရိုက်သွင်းခဲ့ကြတယ်။

     အဲဒီလူငယ်တွေက ဝါဒမှိုင်းမိပြီး အစိုးရနဲ့ တပ်မတော် ဆန့်ကျင်ရေးတွေကို တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။ အဲဒီတုံးက လူငယ်တွေဟာ သူတို့ကိုယ်သူတို့ စစ်ပွဲမှာ တိုက်ပွဲဝင်ကြတော့မဲ့သူတွေပုံစံနဲ့ ဝတ်စားဆင်ယင်ပြီး Helmet ဦးထုပ်တွေဆောင်းထားကြတာကို မြင်တွေ့ကြရပါတယ်၊ ဒါဟာ လက်နက် ကိုင်ဆန့်ကျင်တိုက်ပွဲအတွက် ရှေ့ပြေးပဲဖြစ်ပါတယ်။

     ဒါတွေဟာ ဒီအတိုင်းဖြစ်လာတာမဟုတ်ဘူး၊ ၂၀၁၇ ခုနှစ်မှာ PUBG: Battlegrounds game ကို Microsoft Studios က စတင်ဖြန်ချိခဲ့တယ်၊ ဒီ game က Multiplayer video game ဖြစ်တဲ့အတွက် နိုင်ငံတကာက ကစားသူအများ အတူကစားနိုင်တဲ့ Game ဖြစ်ပါတယ်၊ ဒီ game က လူငယ်အများစုကစားကြပြီး ရှေ့တန်းမှာ ရန်သူနဲ့ တကယ်တိုက်ပွဲဝင်နေရသလို လူငယ်တွေကို ခံစားမှုတွေပေးပါတယ်၊ သာမန်ကြည့်ရင်တော့ အပျော်ကစားစရာ game တစ်ခုပဲ၊ ဒါပေမဲ့ အဲဒီ game ကနေ လူငယ်တွေကို တိုက်လိုစိတ်၊ ခိုက်လိုစိတ်၊ နေရဲသေရဲတဲ့စိတ်တွေဖြစ်ပေါ်လာအောင် မသိမသာနှိုးဆော်ပေးခဲ့တာပါပဲ၊ မြန်မာနိုင်ငံက လူငယ်တော်တော်များများ ဒီ game ကို ကစားကြပါတယ်၊ ဒီ Game ကို မြန်မာလူငယ်များအတွင်း ပြန်နှံပြီး ယောကျာ်း၊မိန်းမ မရွေး ဝင်ရောက်ကစားကြတာကို သတိပြုမိပါတယ်။ နိုင်ငံသားအချင်းချင်း ဘာရန်ညှိုးမှမရှိဘဲ သေနတ်နဲ့ အလွယ် တကူ ပစ်သတ်တဲ့အလေ့အကျင့် တစ်ခု၊ စစ်တိုက်ချင်တဲ့စိတ်တွေကို လူငယ်ထုအတွင်း တဖြေးဖြေးနဲ့ မွေးမြူပေး လိုက်ခဲ့ကြတာပဲ။

     အဲဒီလူငယ်တွေဟာ ၂၀၂၁ ခုနှစ်အရေးအခင်း ဖြစ် ပွားပြီးနောက်ပိုင်းမှာ အဲဒီ Genational Z ဆိုတဲ့သူတွေဟာ PDF လို့ဆိုတဲ့ အကြမ်းဖက်လူ သတ်သမားတွေ ဖြစ်လာကြတာပါပဲ။ အဲဒီလို အကြမ်းဖက်လူသတ်သမားတွေ ဖြစ်လာအောင် ပံပိုးပေးတာက မူးယစ်ဆေးဝါးပါ။ လူငယ်တွေအများစုဟာ မူးယစ်ဆေးဝါးကို ထမင်းစား ရေသောက် သုံးစွဲနေကြဖြစ်တာကြောင့် သံဃာ တော်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ကြက်ကလေး၊ ငှက်ကလေးကို သတ်သလို သတ်ရဲ ဖြတ်ရဲလာကြပါတယ်။ မူးယစ်ဆေးဝါးဥပဒေ​ရဲ့ ပြစ်ဒဏ်များကို လျှော့ပေါ့ပြင်ဆင်ခဲ့တဲ့ အကျိုးဆက်ပါပဲ။ စေ့စေ့ကြည့်မှ ရေး ရေးပေါ် ဆိုသလိုမျိုး ၊ သာမန်ကြည့်ရင်တော့ ဒီလိုအကျိုး ဆက်တွေ မြင်ရမှာ မဟုတ်ဘူးပေါ့၊

     အဲဒီတော့ ဒီလို လူငယ်တွေ လမ်းမှာရောက်သွားတာကို အဓိက ဘာအကြောင်းတွေကြောင့် ဖြစ်ရတယ်ဆိုတာ အဖြေရှာသင့်ပေါ့။ အကြောင်း မဲ့တဲ့ အကျိုးမရှိဘူးလို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့တယ်လေ၊ အဲတော့ အကြောင်းရှာကြည့်ကြတာပေါ့၊

     ဘယ်က စပြောရမလဲဆိုရင် သတင်းဆရာ အိုးဝေဦးညိုမြ ရေးတဲ့ ” ဒီမိုကရေစီရဲ့ ရန်သူနဲ့ မိတ် ဆွေ ” ဆိုတဲ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ စာပိုဒ်ကို ပြောပြချင်ပါတယ်၊ အဲဲဒါက ဘာလဲဆိုတော့   ” ဒီမိုကရေစီဆို သည်မှာ လူထုဆန္ဒအရ အုပ်ချုပ်သူများအား ရွေး ကောက်တင် မြှောက်၍ စိုးမိုးစီမံစေသော စနစ်ဖြစ်၏။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံများတွင် လူထုကြီးတစ်ရပ်လုံးသည် ဉာဏ်ပညာအမျှော်အမြင်တို့နှင့် ပြည့်စုံလျက် အတ္တဟိတပရဟိတ ကိစ္စများအတွက် အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်ရွေးချယ်နိုင်သော အရည်အချင်းများ ရှိကြရမည်ဖြစ်ပေသည်။ အကယ် ၍ လူထုကြီးတစ်ရပ်လုံး၏ ဉာဏ်ပညာအဆင့်အတန်းမှာ အထူးနည်းပါးနိမ့်ကျနေပါက ၎င်းတို့သည် အကောင်းနှင့်အဆိုးကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ကြမည်မဟုတ်ပေ။ ထိုသို့သော ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အစိုးရအဖွဲ့များမှာလည်း အရည်အချင်းနည်းပါးလျက် ဖြစ်ကတတ် ဆန်းပုဂ္ဂိုလ်များသာလျှင် ထိပ်တန်းသို့ ရောက်နေသည်ကို တွေ့ရပေလိမ့်မည်။ ”လို့ ဖော်ပြထားပါတယ်။

     ဆရာဦးညိုမြက ဘာထပ်ပြောသေးလဲဆိုတော့  ဒီမိုကရေစီနိုင်ငံတိုင်းမှာ လူတိုင်းပညာ တတ်မြောက်ရေးဟာ အထူးအရေးကြီးတယ်။ ပညာတတ်မြောက်သူများသာလျှင် မိမိတို့ရဲ့ ပင်ကိုယ်ဉာဏ် နဲ့ အမှန်နှင့်အမှားကို ခွဲခြားသိမြင်ပြီး လူလိမ်လူညာတို့ရဲ့ စက် ကွင်းမှလွတ်မြောက်နိုင်တယ်။ ပညာအဆင့်အတန်း နိမ့်ကျချို့ယွင်းတဲ့နိုင်ငံမှာ ဒီမိုကရေစီလောကသစ် ထူထောင်ရင် မျက်စိကန်းသူများအတွက် မီးထွန်းပေးခြင်းအားဖြင့် ဘာမျှအကျိုးမရှိသလိုသာဖြစ်ပေလိမ်မယ် လို့ ပြောထားပါတယ်။

   ဆရာဦးညိုမြပြောချင်တာက ဉာဏ်ပညာအမျှော် အမြင်မပြည့်တဲ့ လူထုက တင်မြှောက်တဲ့အစိုးရလဲ အရည်အချင်းမရှိတဲ့ အစိုးရဖြစ်မယ်၊ ဉာဏ်ပညာအမျှော်အမြင်၊ ဆင်ခြင်တုံတရားရှိဖို့ လူတိုင်းပညာ တတ်မြောက်ဖို့ လိုတယ်လို့ ပြောလိုက်တာပါပဲ၊ ပြောချင်တာက လူထုကြီး တစ်ရပ် လုံးဆိုတဲ့အထဲမှာ လူငယ်တွေက နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံ  လဲပါတယ်လေ၊ အခု General Z တဖြစ်လဲ PDF အကြမ်းဖက်လူသတ်သမားတွေက ဉာဏ် ပညာအမျှော်အမြင်၊ ဆင်ခြင် တုံတရားမဲ့ခဲ့လို့အခုလို အခြေအနေမျိုးရောက်သွားတာပါပဲ ၊

      ဉာဏ်ပညာအမျှော်အမြင်၊ ဆင်ခြင်တုံတရားမရှိကြလို့ ကိုယ့်လူမျိုးအချင်းချင်း ဘာရန်ညှိုးမှ မရှိဘဲ အရှင် လတ်လတ် ရက်ရက်စက်စက်သ တ်ဖြတ်ကြတာပါ။ အခုဆို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စာရင်းအရ သံဃာတော် ၇၇ ပါးအပါအဝင် စုစုပေါင်း ၆၈၈၀ ကျော်ကို အကြမ်း ဖက် PDF တွေက သတ်ဖြတ်ခဲ့ကြတာကို မှတ် သားမိပါတယ်။

    ဆရာဦးညိုမြ က ပညာတတ်ရင် ဉာဏ်ပညာအမျှော်အမြင်၊ ဆင်ခြင် တုံတရားရှိမယ်လို့ ဆိုပေမဲ့ ကျွန်တော့်အမြင်မှာတော့ ပညာ တတ်ရုံနဲ့ ဉာဏ်ပညာအမျှော်အမြင်၊ ဆင်ခြင် တုံတရား မပြည့်နိုင်ပါဘူး၊ ဉာဏ်ပညာအမျှော် အမြင်၊ ဆင်ခြင် တုံတရားဆိုတာ အင်္ဂလိပ်စကားလုံးနဲ့ပြောရင် Wisdom ကို ဆိုလိုတာပါ၊ ပညာတတ်တယ်ဆိုတာက Education ကို ပြောတာပါ၊ Education ရှိတိုင်း Wisdom မဖြစ်ဘူး။ ဥပမာပြောရရင် အခု အကြမ်းဖက် NUG အဖွဲ့က ဒေါက်တာဇော်ဝေစိုး ကို ပြရမှာပဲ၊ ပညာတတ် ဒေါက်တာဘွဲ့ရ ပါရဂူ တစ်ဦးပါ၊ သို့သော် ဆင်ခြင်တုံတရားမဲ့တဲ့ အကြမ်း ဖက်လုပ်ရပ်တွေကို ညွှန်ကြားနေသူ တစ်ဦးဖြစ်နေပါတယ်။

     ပညာတတ်တိုင်းတော့ ဆင်ခြင်တုံတရားမရှိကြပါဘူး၊ အတန်းပညာ Education က Training လေ့ကျင့်ရတဲ့သဘောပေါ့၊  အတန်းပညာ Education တတ်ဖို့ လိုသလို Knowledge ဆိုတဲ့ ဗဟုသုတလည်း ဝမ်းစာပြည့်ဖို့လိုပါတယ်၊ Knowledge ကတော့ Learning လုပ်ရတဲ့သဘောပါ၊ ဒါကြောင့် ဉာဏ်ပညာအမျှော်အမြင်၊ ဆင် ခြင်တုံတရား Wisdom ရှိဖို့ Education ရော Knowledge ရော ပြည်ဝရပါမယ်၊ ဒါကြောင့် အတန်းပညာရေး ဆုံးခန်းတိုင် သင်ကြားဖို့လိုသလို ဗဟုသုတ Knowledge ပြည့်ဝဖို့ စာများများဖတ်ဖို့လိုပါတယ်၊ စာဖတ်တဲ့နေရာမှာ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်စုံ ဖတ်ရှု့သင့်တယ်လို ဆိုချင်ပါတယ်၊ လူငယ်တွေဟာ ဒီအချက်တွေပြည့်စုံရင် ကိုယ်ခံအားကောင်းပြီး ဆင်ခြင် တုံတရားရှိတဲ့ သူတွေဖြစ်လာကြမှာပါ။ ဒါ့အပြင် မူလတန်း ကလေးအရွယ်ကတည်းက စပြီး အထက်တန်း ကျောင်းသားအရွယ်အထိ ဗုဒ္ဓဘာသာယဥ်ကျေးမှုကို သင်ကြားပေးမဲ့ ယဥ်ကျေးလိမ်မာသင်တန်းများမှ အဆင့်မြင့် မြတ်ဗုဒ္ဓဟောကြားခဲ့သော နိတိများအပါ အဝင် သိသင့်သိထိုက်သော လောက္ကုတရာ တရားများကို သင်ကြားပေးသင့်ပါတယ်။ ဒါမှသာ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဗုဒ္ဓ၏ လူယဥ်ကျေးမှု ကိုယ်ခံအား ကောင်းလာမှာ ဖြစ်ပါတယ်။

     လူငယ်နှင့် နိုင်ငံရေးခေါင်းစဉ်အောက်မှာ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ယနေ့ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံများရဲ့ပယောဂကြောင့် လူငယ်များဟာ အစွန်းရောက် အကြမ်းဖက်သမားများအဖြစ် လမ်းမှားရောက်ကြတာကို စိတ်မချမ်းမြေ့စွာ တွေ့မြင်နေရပါတယ်။ ဒီလို ဖြစ်ရပ်တွေဟာ လူငယ်တွေရဲ့ အသိ ဉာဏ် ဆင်ခြင်တုံတရား အမျိုးသားရေးစိတ် ကင်းမဲ့မှုတွေကြောင့် အစွန်းရောက် အကြမ်းဖက်ဘဝကို ရောက်သွားကြရတာဖြစ်ပါတယ်။ အဲလို အစွန်းရောက်အကြမ်းဖက်ဘဝ ကို ရောက်သွားကြရတဲ့အဓိက အကြောင်းတရားက ပညာရေးနိမ့်ပါးခြင်း (Education)၊ ဗဟုသုတ (knowledge) ဝမ်းစာမပြည့်ဝခြင်းတို့ကြောင့် ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရား (Wisdon) မဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ ကောက် ချက်ချနိုင်ပါတယ်။ အဲဒီတော့ ယနေ့မြန်မာ့နိုင်ငံလူငယ်များကို အတန်းပညာဆုံးခန်းတိုင်ပြီး ဗဟုသုတကြွယ်ဝ တဲ့ ဆင်ခြင်တုံတရား အမျှော် အမြင်နဲ့ပြည့်စုံတဲ့ အမျိုး သားရေးစိတ်ဓာတ် မြင့်မားသည့် ခေတ်မီလူငယ် များ ဖြစ်ထွန်းပေါ် ပေါက်လာရေးဟာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိကြောင်းကို မီးမောင်းထိုးပြလိုက်ရပါတယ်။

#PAN