ယူကရိန်း၏ တန်ပြန်ကျူးကျော်မှုကို ကြိုတင်မသိရှိခဲ့ကြောင်း ဘိုင်ဒန်ပြော


(နိုင်ငံတကာ) ဩဂုတ် ၁၄

ရုရှားနိုင်ငံအတွင်းသို့ ယူကရိန်းစစ်တပ်မှ တန်ပြန် ကျူးကျော်စစ်ဆင်နွှဲမှုကို ကြိုတင်မသိရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အား သတင်းထောက်များအား ငြင်းဆန်ခဲ့သည်။

ယူကရိန်းစစ်တပ်၏ တန်ပြန် ကျူးကျော်မှုသည် ရုရှားသမ္မတ ပူတင်အား အကျပ်အတည်းဖြစ်ပေါ်စေကြောင်း နယူးအော်လန်ခရီးစဉ်တွင် ဘိုင်ဒန်က မှတ်ချက်ပေးပြောဆိုခဲ့သည်။

အမေရိကန်အစိုးရဘက်က ငြင်းဆန်ခဲ့သော်လည်း ယူကရိန်းအစိုးရနှင့် အဆက်မပြတ် အဆက်အသွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

ရုရှား ထိပ်တန်းအရာရှိများက ယခု တိုက်ခိုက်မှုသည် အမေရိကန် ကျောထောက်နောက်ခံပြုနေကြောင်း ပြောဆိုခဲ့သော်လည်း အိမ်ဖြူတော်က ၎င်းတို့အား ကြိုတင်အသိမပေးခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK