မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမပေါ်တွင် ကုန်တင်ယာဥ် တစ်စီးက လမ်းဖြတ်ကူးသူ အမျိုး သား တစ်ဦးကို ယာဉ်တိုက်မှု့ဖြစ်ပွား ပွဲချင်းပြီးသေဆုံး

(ပြည်တွင်း)ဩဂုတ် ၁၄

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စု၊ အမှတ် ၃ လမ်းမ ညောင်ပင်ကားမှတ်တိုင်ရှေ့၌ ယနေ့ နံနက် ၅ နာရီခွဲအချိန်တွင် ကုန်တင်ယာဥ် ၂၂ ဘီး ယာဉ်တစ်စီးမှ လမ်းဖြတ်ကူးသူ အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသား တစ်ဦးကို ယာဉ်တိုက်မှု့ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။

       ဖြစ်စဥ်မှာ ယာဉ်မောင်း ဦးတင်မိုးဋ္ဌေး ၈/ နမန (နိုင်)၂၅၁၉၂၂ နိုင်ငံသားကတ်ကိုင်ဆောင်သူမောင်းနှင်သည့် ယာဥ်အမှတ် 7E/7061 ကုန်တင် ၂၂ ဘီးယာဥ်သည် ပြောင်းစေ့များတင်ဆောင်လာပြီး ပုလဲလမ်းဆုံဘက်မှ အမှတ် ၃ လမ်းမအတိုင်း မောင်းနှင်လာစဥ် ညောင်ပင်မှတ်တိုင်ရှေ့ လမ်းဖြတ်ကူးသူ စိစစ်ဆဲအမျိုးသားတစ်ဦး၊အသက် ၄၀ နှစ်ခန့်အား တိုက်မိရာ အခင်း ဖြစ်နေရာတွင် အဆိုပါအမျိုးသားမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။

      သေဆုံးသူ၏အလောင်းအား မေဓာဝီဆေးရုံသို ပုလဲမြို့ အရံမီးသတ်ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးတင်မိုးဋ္ဌေးနှင့် ယာဥ်နောက် လိုက် ရီဝေအောင်တို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သတင်းရရှိပါသည်။

#PAN