နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ဟု သတင်းမှန်ပြန်ကြားရေးဆို

(ပြည်တွင်း) ဩဂုတ် ၁၄

နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ဩဂုတ် ၁၃ ရက်နေ့ တစ်နေ့လုံးနဲ့ ညဉ့်နက်ပိုင်းအထိ ပျံ့နှံ့ခဲ့သည့် နစက အတွင်းရေးမှူး အောင်လင်းဒွေး (DSA 27) မှ နယ်ဘက်ဆိုင်ရာကိစ္စအဝဝအား ယုံကြည်စွာလွှဲအပ်ထားသူ မအလအား ထိန်းသိမ်းလိုက်ပြီဖြစ်ပါသည်” ဆိုသည့်ရေးသားမှုများ လူမှုကွန်ယက်ပေါ်တွင် ပြန့်နှံ့နေသည့်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ယခုကဲ့သို့ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
“တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ပြီး လက်ရှိလူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull facebookအကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပလောက်ကောင်များရဲ့ facebook အကောင့်အတုတွေအပြင် ပြည်ဖျက်မီဒီယာအချို့ကနေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြပါတယ်“ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောဆိုထားသည်။
အာဏာသိမ်းလိုက်ပြီ ဆိုသော ကောလာဟလ များ လူမှုကွန်ယက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီး ယင်းဂယက်အပေါ်မှာလည်း အများပြည်သူ စိုးရိမ်နေမှုများ ရှိနေသကဲ့သို့ လူမှုကွန်ယက်အသုံးပြုသူကြားတွင် ဖြစ်စဉ်မှန်၊မမှန် စိတ်၀င်စားမှု မြင့်တက်နေကြပြီး စိုးရိမ်သူများလည်း ရှိနေခဲ့ကြသည်။
“နိုင်ငံအတွင်းမှာနှစ်ဖက်ဖြစ်နေတာ တစ်ချို့က မသက်သာလို့ လုပ်လို့မရလိုငြိမ်နေတဲ့သူရှိတယ်။ UG လုပ်တယ်။ အကောင့်းအတုတွေနဲ့ နိုင်ငံမတည်မငြိမ်ဖြစ်အောင်လုပ်တယ်။ တစ်ချို့ကလည်းထောက်ခံတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ အသက်သေမှာမကြောင့်ပဲနဲ့ ထောက်ခံတဲ့သူတွေရှိတယ်။ တစ်ချို့ကလည်း အစိုးရနဲ့တပ်မတော်အပေါ်မှာ အားမလိုအားမရဖြစ်နေတာတွေရှိတယ်” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးအား လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး PAN မှ မေးမြန်းခဲ့မှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

#PAN