ဂျပန်ဝန်ကြီးချုပ်က နောက်လမှာ ရာထူးကထွက်ပေးမယ်

(နိုင်ငံတကာ)ဩဂုတ် ၁၄

ဖြစ်ပေါ်နေသည့် နိုင်ငံရေးအရှုပ်တော်ပုံများကြောင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက နောက်လတွင် ရာထူးကထွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က ပြည်သူတွေယုံကြည်မှုရှိမှ နိုင်ငံရေးအလုပ်ဖြစ်မှာ ဖြစ်သည့်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ရှေ့ဆက်စေလိုသည့် ဆန္ဒကြောင့် ယခုဆုံးဖြတ်ချက်အား ခက်ခဲစွာချခဲ့ရကြောင်း၎င်းကဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ်ပါ ပြန်လည် ရွေးချယ်ခံရန်မရှိတော့ကြောင်းသိရသည်။
လက်ရှိ ဂျပန်ဝန်ကြီးချုပ်ဟာ ယခင်ရှင်ဇိုအာဘေး အနားယူလိုက်ပြီးနောက် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဖြစ်ပြီး စစ်သုံးစရိတ်တိုးမြှင့်သုံးစွဲမှု ပါတီတွင်း နိုင်ငံရေးအရှုပ်တော်ပုံနှင့် ပါတီရန်ပုံငွေကိစ္စရပ်များ မှတ်တမ်းထားရှိရန် ပျက်ကွက်မှုတို့ကြောင့် လူထုထောက်ခံမှုကျဆင်းနေကြောင်းသိရသည်။

#PAN