ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌနှင့် သားဖြစ်သူတို့အား PDF သတ်ဖြတ်

(ပြည်တွင်း)ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ညောင်ဝန်းကျေးရွာကျေးရွာ၌ ယနေ့ည ၇နာရီ၄၅မိနစ်အချိန်ခန့်က ကျေးရွာမီးလင်းရေးကော်မ တီဥက္ကဌနှင့် သားဖြစ်သူတို့အား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ညောင်ဝန်းကျေးရွာ၊ကျောက်ဆည်မြို့နယ်နေသူဦးတင်လှိုင်၊၇၅နှစ်၊(ဘ)ဦးလှဒင်၊ဗေဒင်ဆရာ (ကျေးရွာမီးလင်းရေးကော်မ တီဥက္ကဌ)နှင့် သားဖြစ်သူ ဦးမြင့်ဇော်၊၄၄နှစ်တို့ ၂ဦးသည့် နေအိမ်ခြံဝင်းအတွင်း ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် အမည်မသိ အမျိုးသား ၅ဦး၊ဆိုင်ကယ် ၂စီးဖြင့်ရောက်ရှိလာပြီး ၎င်းတို့တွင်အသင့်ပါလာသော သေနတ်ဖြင့်ပစ်ခတ်၊ဓါး​ဖြင့်ခုတ်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးတင်လှိုင်တွင် ယာ-မေးရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လည်ပင်း ပြတ်ရှဒဏ်ရာ ၁ချက်၊ယာ-ကျောပြင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူ ဦးမြင့်ဇော်တွင် ဝဲဘက်လက်ခလယ် ကျည်ထိမှန်ဒဏ်ရာ ၁ချက်ရရှိခဲ့ပြီး ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

#PAN#ZN