ကျောက်တံတားရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်PDFတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာမှ အလောင်း၇လောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း)ဩဂုတ် ၁၄
မတ္တရာမြို့နယ်၊ ကျောက်တံတားရွာအနီးတွင် ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ တိုက်ပွဲဖြစ်ပွားရာ ရန်သူဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက်PDFအဖွဲ့ဝင် ၇ လောင်း ၊ သေနတ် ၇ လက် – M-22 ၆ လက် – MA-1 ၁ လက်၊ ကျည်ကာ ၂ ထည်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ၊လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာရန်သူ့နောက်သို့ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

#PAN