ကစားသစ်နှစ်ဦးဖြစ်တဲ့ ဒီလစ် နဲ့ မာဇရာဝီတို့ကို မန်ယူ ခေါ်ယူ

ဩဂုတ် ၁၄

မန်ယူအသင်းဟာ နယ်သာလန် ခံစစ်မှူး ဒီလစ် နဲ့ မော်ရိုကို ညာနောက်ခံလူ မာဇရာဝီ တို့ကို ဘိုင်ယန်မြူးနစ် အသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။
မန်ယူဟာ ဒီလစ်(၂၄ နှစ်)အတွက် ယူရို ၄၅ သန်း ၊ မာဇရာဝီ(၂၆ နှစ်)အတွက် ၁၅ သန်း ပေးချေ ရမှာ ဖြစ်ပြီး အပိုဆုကြေး ၁၀ သန်းလည်း အပါအဝင်နှစ်ဦးစလုံးကို ၂၀၂၉ ခုနှစ်အထိသက်တမ်းရှိမည့် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ကစားသမား ၂ ယောက်စလုံးဟာ မန်ယူ နဲ့ ၂၀၃၀ + ၁ နှစ် ပုံစံနဲ့ စာချုပ် ချုပ်ဆိုခဲ့ကြပြီး မာဇရာဝီ က နံပါတ် ၃ ၊ ဒီလစ် က နံပါတ် ၄ တို့ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
မန်ယူဟာ သောကြာနေ့ညမှာ ဖူလ်ဟမ် အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ်ကို စတင်ကစားရမှာ ဖြစ်ပြီး ကစားသမား ၂ ယောက်စလုံး ပါဝင် နိုင်ဖွယ်ရှိနေပါတယ်။