ငါ့သ ရောက်နယ်မြေ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ဆရာဝန်အမျိုးသမီးတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်


(ပြည်တွင်း)ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေ၊ဆည်ကျေးရွာမှ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ဆရာဝန်အမျိုးသမီးတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ဆောင်သွားကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ဆည်ကျေးရွာ၊ ငါ့သရောက်နယ်မြေမှ ပုဂ္ဂလိကဆေးခန်းပိုင်ရှင် ဒေါက်တာအေးအေးမိုး၊ အသက် ၄၈ နှစ်၊ (ဘ)ဦးစိန်တိတ်နှင့် ဆေးခန်းအကူ မပန်းအိဖြူ၊ အသက် ၃၇ နှစ်၊ (ဘ)ဦးအေးကျော်တို့ ၂ ဦး ဆေးခန်းအတွင်းရှိနေစဥ် အကြမ်းဖက် PDF ၅ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက် ဆေးခန်းအတွင်း ဝင်ရောက်လာပြီး ဒေါက်တာအေးအေးမိုးအား လိုက်ခဲ့ရန်ပြောဆို၍ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကြောင်း၊ ဆေးခန်းအကူ မပန်းအိဖြူအား အခန်းထဲတွင် တံခါးပိတ်ထားခဲ့ပြီး မိနစ် ၃၀ ကြာမှ အခန်းအပြင်ထွက်ရန် ပြောဆိုခဲ့ကာ ဒေါက်တာအေးအေးမိုး ကိုင်ဆောင်သည့် ၀၉-၄၂၉၉၃၈၄၅၉ နံပါတ်ပါ iphone ၁ လုံး၊ နံပါတ်မမှတ်မိ Redmi အမျိုးအစားဖုန်း ၁ လုံး၊ မပန်းအိဖြူ ကိုင်ဆောင် သည့် ၀၉-၇၉၀၄၈၀၉၃၄ နံပါတ်ပါ OPPO အမျိုးအစားဖုန်း ၁ လုံးတို့အားယူဆောင်၍ ဆည်ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေါက်တာ အေးအေးမိုးသည် ၂၀၀၇-၂၀၀၈ ခုနှစ်ခန့်က ငါ့သရောက်တိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာ ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၇ နှစ်ခန့်က အစိုးရဝန်ထမ်းမလုပ်တော့ပဲ ၎င်း၏ခင်ပွန်းဖြစ်သူ၏ ဇာတိ ငါ့သရောက်မြို့တွင် လာရောက် ဆေးခန်းဖွင့် လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ