ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌနှင့် သားဖြစ်သူတို့အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်သတ်


(ပြည်တွင်း)ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာကျေးရွာ၌ ယနေ့ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဌနှင့် သား ဖြစ်သူတို့အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်၍ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ညောင်ဝန်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူ ဦးတင်လှိုင်၊ အသက် ၇၅ နှစ်၊ (ဘ)ဦးလှဒင်၊ ဗေဒင်ဆရာ (ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဌ)နှင့် သားဖြစ်သူ ဦးမြင့်ဇော်၊ အသက် ၄၄ နှစ်တို့ ၂ ဦးသည့် နေအိမ်ခြံဝင်းအတွင်း ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် အမည်မသိ အမျိုးသား ၅ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့တွင်အသင့်ပါလာသော သေနတ်ဖြင့်ပစ်ခတ်၊ ဓါး​ဖြင့်ခုတ်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးတင်လှိုင်တွင် ယာ-မေးရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-လည်ပင်း ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ယာ-ကျောပြင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူ ဦးမြင့်ဇော်တွင် ဝဲဘက် လက်ခလယ် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ