အိမ်ရှင်ထိုင်းဖိုက်တာ နာဘီးလ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် စိုးလင်းဦး

ဩဂုတ် ၁၃

ONE ၏ ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိ‌သေးသည့် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦး ပွဲစဉ်ကို လာမည့် စက်တင်ဘာ(၂၇)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီးကြောင်း မနေ့က ညနေပိုင်းတွင် ONE က တရားဝင်အသိပေးကြေညာလိုက်ပြီဖြစ်ပါတယ်။
စိုးလင်းဦးအနေဖြင့် ပြိုင်ဖက်ဖြစ်သူ အိမ်ရှင်ထိုင်းဖိုက်တာ နာဘီးလ်နှင့် ONE Friday Fights 81 ပွဲစဉ်၏ ဘန်တမ်ဝိတ်တန်းတွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦး၏ အနိုင်ရရှိမှုနှုန်းကို မည်သူ သက်တမ်းတိုးမည်နည်းဟု ONE ဘက်က ဆိုထားပါတယ်။
ပွဲစဉ်အား စက်တင်ဘာ (၂၇ )ရက် ည (၇)ခွဲအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ၊ ပြိုင်ဘက်နှစ်ဦး၏ ဆေးစစ်ဝိတ်ချိန်မည့် ရက်ကို အသိပေးချက်တွင် ‌ဖော်ပြထားခြင်းမရှိပေ။
သံမဏိစိုးလင်းဦးဟာ One Friday Fight 69 ပွဲစဉ်အတွင်း မွေထိုင်း ဖိုက်တာ ပွန်ဆရီကို တတိယမြောက်ပွဲအဖြစ် အလဲထိုးအနိုင်ရပြီး‌နောက် ဒေါ်လာ တစ်သိန်းတန်စာချုပ်ကမ်းလှမ်းခံခဲ့ရပြီးနောက် သူ၏ စတုတ္ထမြောက်ပွဲအား ONEက စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
ရိုးရာဖိုက်တာစိုးလင်းဦးသည် ONE ကပြုလုပ်သည့် Friday Fight 69 ပွဲစဉ်ဖြင့်ဆိုလျှင် ရှုံးပွဲမရှိ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။