“လီဗာပူးလ်အသင်းက စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းမှုတွေ မရှိသေးဘူးလို့ဆိုတဲ့ ဗန်ဒိုက်”

(အားကစား) ဩဂုတ် ၁၃

  လီဗာပူးလ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေတဲ့ အသင်းရဲ့ အဓိကနောက်ခံကစားသမား ဗန်ဒိုက် က လီဗာပူးလ်အသင်းမှ သက်တမ်းတိုးစာချုပ်အတွက် တစ်စုံတစ်ရာကမ်းလှမ်းမှုတွေမရှိသေးကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

  အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်က ၂၀၁၈ ခုနှစ်က ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့ ကစားပြီးနောက် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဆုဖလားများစွာကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဗန်ဒိုက် နှင့် လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာကျန်ရှိနေတာ ဖြစ်ပြီး လီဗာပူးလ်အသင်းက ကမ်းလှမ်းမှုတွေ မရှိသေးတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ဗန်ဒိုက် ကို သတ်မှတ်ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

#PAN