ရုရှားပိုင်နက် စတုရန်းကီလိုမီတာ ၁၀၀၀ ကို ထိန်းချုပ်ထားကြောင်း ယူကရိန်းထုတ်ပြန်


(နိုင်ငံတကာ) ဩဂုတ် ၁၃

ယူကရိန်း၏ ရုရှားနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွင် ရုရှားပိုင်နက် စတုရန်းကီလိုမီတာ ၁၀၀၀ ကို ထိန်းချုပ်ထားကြောင်း ယူကရိန်းဘက်မှထုတ်ပြန်ထားသည်။

နှစ်နှစ်ခွဲဝန်းကျင်အထိကြာမြင့်လာသည့် ရုရှား ယူကရိန်းစစ်ရေးပဋိပက္ခတွင် ရုရှား ပိုင်နက်အတွင်း ပထမဆုံးဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီး ရုရှားပိုင်နက်အချို့တွင် အခြေချတိုက်ခိုက်လျက်ရှိသည်။

ရုရှားပိုင်နက်အတွင်း တိုက်ခိုက်မှု ၇ ရက်ကြာမြင့်ချိန်အထိ နှစ်ဘက် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်း၏ လက်ရှိနယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုသည် ကြီးမားသည့် ရန်စမှုအဖြစ် ပြောဆိုခဲ့ပြီး ယူကရိန်းအား နှင်ထုတ်ရန် ရုရှားတပ်ဖွဲ့များအား အမိန့်ပေးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံအနောက်ပိုင်းရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေပြီး နောက်ထပ် ပြည်သူ ၆၀၀၀၀ နီးပါးကိုလည်း နေရပ်စွန့်ခွာရန် အသိပေးထားကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ