“ဘရာဇီးအမျိုးသမီးအသင်းကွင်းလယ်ကစားသမား မာတာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူ”

(အားကစား) ဩဂုတ် ၁၃

  ဘရာဇီးအမျိုးသမီးအသင်း ကွင်းလယ်ကစားသမား မာတာ ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အနားယူတော့မှာ ဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့တာ ဖြစ်ပါတယ်။

  အသက် ၃၈ နှစ်အရွယ် မာတာ က ပြင်သစ်နိုင်ငံ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပေမယ့် အမေရိကန်အသင်းကို ရှုူံးနိမ့်ခဲ့တာကြောင့်ရွှေတံဆိပ်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ မာတာ ဟာ ဘရာဇီးအသင်းကနေ အနားယူတော့မယ်လို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မာတာ ဟာ ဘရာဇီးအသင်းအတွက် ၁၂၅ ပွဲအထိပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၅၃ ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မာတာ ဟာ တစ်နှစ်တာအကောင်းဆုံးအမျိုုးသမီးကစားသမားဆုအပြင် တစ်ဉီးချင်းအကောင်းဆုံး အမျိုးသမီး ကစားသမားဆု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN