“ဆိုလန်ကီကို တရားဝင်မိတ်ဆက်ခဲ့တဲ့ စပါးအသင်း”

(အားကစား) ဩဂုတ် ၁၃

NVS 008- August 13, 2024.

ပရီးမီးယားလိဂ်ကလပ် စပါးအသင်း ဟာ ဘုန်းမောက်အသင်းကနေ ခေါ်ယူဖို့သဘောတူညီမှုရခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ဆိုလန်ကီ ကို ဩဂုတ်လ ၁၁ ရက်က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

 စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို ဖြည့်တင်းဖို့အတွက် တိုက်စစ်မှူးသစ် ရှာဖွေနေခဲ့တာ ဖြစ်ပြီး ဘုန်းမောက်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဆိုလန်ကီကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက တစ်သင်းဖြစ်သလို အသင်းဖော်တွေနဲ့အတူ တွဲဖက် ကစားဖို့အတွက် စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုလန်ကီက ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ဆိုလန်ကီကို ခေါ်ယူဖို့ အတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်း ပေးချေရမှာဖြစ်ပြီး ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

#PAN