“ဆန်ဈေး အလွန်အကျွံမတက်အောင် ဆောင်ရွက်နေဟုဆို”

(စီးပွားရေး) ဩဂုတ် ၁၃

ပြည်တွင်းဆန်ဈေး အလွန်အကျွံဈေးမတက်အောင် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

 ဩဂုတ် ၁၂ ရက်က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ရှိ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

လက်ရှိမှာ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ ဆန်တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ထုတ်ရောင်းပေးနေတဲ့အတွက် ဆန်ဈေးကျဖို့ထက် လက်ရှိ ဖြစ်နေတဲ့ ဆန်ဈေးထက် အလွန်အကျွံမတက်စေဖို့ ဦးစားပေးပြီး ထိန်းသိမ်း ဆောင်ရွက် နေတာဖြစ်တယ်လို့ ဦးရဲမင်းအောင်က ပြောကြားခဲ့ပါတယ်။

စားသုံးသူပြည်သူတွေ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ဖို့ ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ဇူလိုင်လ ၁ ရက် ကစပြီး စတင်ရောင်းချပေးနေတယ်လို့ သိရပါတယ်။

#PAN