“စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာဝင်ဆောင်မှုလုပ်ငန်းမျးကို ICT နည်းပညာဖြင့် ထိရောက်စွာ အသုံးချဆောင်ရွက် သွားမည်”

(ပြည်တွင်း) ဩဂုတ် ၁၃

စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာဝင်ဆောင်မှုလုပ်ငန်းမျးကို တိုးတက်အောင်မြင်ရေးအတွက် ICT နည်း ပညာဖြင့် ထိရောက်စွာ အသုံးချဆောင်ရွက်သွားနိုင်ရန် လုပ်ဆောင်ဖို့အတွက် နေပြည်တော်ရှိ စိုက်ပျိုးရေး ဦးစီးဌာန ရုံးချုပ်တွင် ဩဂုတ်လ ၈ ရက် က လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးတွင် နိုင်ငံတော်က ICT နှင့် e-government လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက် ရှိ ကြောင်း၊ လက်ငင်းဆောင်ရွက်၍ရသော တောင်သူပညာပေးကဏ္ဍများအတွက် ချက်ချင်း အကောင်အထည်ဖော်ရန် နှင့်သတင်းအချက်အလက်များမှန်ကန်ရေး၊ အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်က ရှိခဲ့သော ပညာပေးစာအုပ်စာစောင်စာတမ်းများမှ remake (အသစ်) ပြုလုပ်၍ e-book အဖြစ် website တွင် လွှင့်တင်ကာ ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်ပေးသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောကြားခဲ့ပါတယ်။

စိုက်ပျိုးရေးနည်းပညာများ၊ ဈေးကွက်သတင်းများ၊ ရာသီဥတုနှင့် သဘာဝဘေးဆိုင်ရာများ သတင်းအချက် အလက်နှင့် နှိုးဆော်ချက်များကို မိုဘိုင်းဖုန်းအသုံးပြု လူမှုကွန်ရက်မီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေး ခြင်း၊ ဝက်ဆိုက်စာမျက်နှာများတွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သိရှိလိုသည့်များ မေးမြန်းနိုင်ရန် doa.agrichatbot application ရေးဆွဲ ဖြန့်ဝေပေးရန် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိပါတယ်။

လက်ရှိမှာတော့ social media များတွင် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများ လွှင့်တင်ထားသကဲ့သို့ website စာမျက်နှာပေါ်တွင်လည်း စိုက်ပျိုးရေး ပညာပေးကဏ္ဍများ၊ သတင်းများ၊ e-book များ လွှင့်တင်လျက်ရှိပြီး ဆက်လက်၍လည်း agrichatbot application ကိုလွှင့်တင်သွားမယ်လို့ သိရပါတယ်။

#PAN