“ကွန်ပျူတာပညာရှင်အသင်းက ITPEC စာမေးပွဲအတွက် သင်တန်း ဖွင့်လှစ်မည်”

(ပြည်တွင်း) ဩဂုတ် ၁၃

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းကကြီးမှူး၍ ITPEC အသိအမှတ်ပြု စာမေးပွဲသုံးခုကို အောက်တိုဘာ လ ၂၇ ရက်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါစာမေးပွဲသုံးခုမှ FE စာမေးပွဲအတွက် အနီးကပ်သင်တန်းကို လည်း ဖွင့်လှစ်ပို့ချသွားမယ်လို့ သိရပါတယ်။

ITPEC စာမေးပွဲများဖြစ်သည့် IT passport၊ Fundamental IT Engineer(FE) နှင့် Applied IT Engineer(AP) စာမေးပွဲသုံးခုတွင် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက် ဖြေဆိုနိုင်ပြီး စာမေးပွဲကြေးများမှာ အခြေခံအဆင့်ဖြစ်တဲ့ IP စာမေးပွဲအတွက် ငွေကျပ် ၆၀,၀၀၀၊ အဆင့်မြင့်စာမေးပွဲ များဖြစ်တဲ့ FE စာမေးပွဲအတွက် ငွေကျပ် ၈၀,၀၀၀ နှင့် AP စာမေးပွဲအတွက် ငွေကျပ် တစ်သိန်း ဖြစ်ပါတယ်။ စာမေးပွဲ သုံးခုလုံးကိုတော့ အောက်တိုဘာလ ၂၇ ရက် တစ်ရက်တည်းတွင် အချိန်များခွဲ၍ ကျင်းပသွားမှာ ဖြစ်ပါတယ်

အနီးကပ်သင်တန်းဖွင့်လှစ်မည့် FE စာမေးပွဲအတွက် သင်တန်းကြေးကို ရန်ကုန်မြို့ MICT Park အတွင်းရှိ ကွန်ပျူတာပညာရှင် အသင်းရုံးမှလည်းကောင်း၊ အွန်လိုင်းမှတစ်ဆင့် Zoom ဖြင့်လည်းကောင်း ဖွင့်လှစ်သွားမှာဖြစ်ပါ တယ်။ သင်တန်းကြေးမှာ အသင်းရုံးတွင်ဖွင့်သော သင်တန်းအတွက် ငွေကျပ်တစ်သိန်းနှင့် အွန်လိုင်းသင်တန်းအတွက် ငွေကျပ် ၈၀,၀၀၀ ဖြစ်ကာ သင်တန်းကာလမှာ စက်တင်ဘာလ ၇၊ ၈၊ ၁၄၊ ၁၅၊ ၂၁၊ ၂၂၊ ၂၈၊ ၂၉၊ ရက်တို့နှင့် အောက်တိုဘာလ ၅ ရက် မှ ၆ ရက်အထိ စုစုပေါင်း ၁၀ ရက်ဖြစ်ပြီး တက်ရောက်သင်ကြားရမယ့် အချိန်မှာတော့ နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ဖြစ်ပါတယ်။

ITPEC စာမေးပွဲကြေးနှင့် သင်တန်းကြေးများကို Mobile Banking နှင့် QuickPay တို့မှ တစ်ဆင့် ငွေပေးသွင်း နိုင်ပြီး စာမေးပွဲဝင်ခွင့်ပုံစံနှင့် သင်တန်းတက်ရောက်ခွင့်ပုံစံများကို https://forms.gle/mzoUZwTqhUjesFYF8 တွင် ဖြည့်စွက်ပြီး ပြန်လည်ပေးပို့ရမှာြဖစ်ပြီး အသေးစိတ်သိရှိလိုသည်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်း ၀၁-၆၅၂၂၇၆ နှင့် ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

#PAN