ကားမှတ်တိုင်ရှိ လူ ၇ ဦး အိမ်စီးကား တိုက်ခံရ


(ပြည်တွင်း)ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း‌ပေါ်ရှိ ဆင်မင်း‌ဈေးကား မှတ်တိုင်အရှေ့တွင် ယနေ့နံနက် ၆ နာရီအချိန်ခန့်က အိမ်စီးကား တစ်စီးမှ ကားမှတ်တိုင်ရှိ လူ ၇ ဦးအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၂ ဦး(စိုးရိမ်ရ)၊ ကျန် ၅ ဦးမှာ(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ “သံဝေဂ” လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ