“ကာဗယ်ဟိုကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ဘရန်ဖို့ဒ်အသင်း”

(အားကစား) ဩဂုတ် ၁၃

ဘရန်ဖို့ဒ်အသင်းဟာ လီဗာပူးအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ကာဗယ်ဟို ကို ပေါင် ၂၇ သန်းခွဲ တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး တစ်နှစ်တစ်သက်တမ်းတိုးခွင့်ပါရှိတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဘရန်ဖို့ဒ် အသင်းဟာ ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၂၀ ပေးချေရမှာဖြစ်ပြီး တကယ်လို့ အနာဂတ်မှာ ကာဗယ်ဟိုကို ရောင်းချခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို လီဗာပူးအသင်းဆီ ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၂ ခုနှစ်မှာ ကာဗယ်ဟို ကို ပေါင် ၅ သန်းနဲ့ ဖူဟမ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့အတွက် ၂၀၂၃ မှာ ဂျာမနီကလပ် လစ်ပ်ဇစ်အသင်းကို အငှားသွားရောက် ကစားခဲ့ ရသလို ၂၀၂၄ ဇန်နဝါရီလမှာလည်း ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးအသင်းကို အငှားထွက်ကစားခဲ့ရပါတယ်။

အသက် ၂၁ နှစ်အရွယ် ကာဗယ်ဟို ဟာ အခုနွေရာသီခြေစမ်းခရီးမှာ လီဗာပူးအသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့လို့ ဆောက်သမ်တန်အပါအဝင် အသင်းတချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

#PAN