အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ဥရောပခေါင်းဆောင်များတောင်းဆို

(နိုင်ငံတကာ) သြဂုတ် ၁၂

      အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ဥရောပခေါင်းဆောင်များတောင်းဆိုလိုက်ကြောင်းသိရသည်။

       ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံခေါင်းဆောင်များက အီရန်နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များက အစ္စရေးကို မကြာသေးမီက ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးတန်းအဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် မျှော်လင့်ထားသည့် တိုက်ခိုက်မှုများကို ရှောင်ကြဉ်ရန် တောင်းဆိုထားသည်။

      ဥရောပသုံးနိုင်ငံမှ ခေါင်းဆောင်များက အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုလျှော့ချရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးအား အရေးပေါ်တောင်းဆိုသည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

      အီရန်သည် တီဟီရန်တွင် ဟားမတ်စ် နိုင်ငံ ရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုအတွက် ဘာသာရေး ထိပ်တန်းခေါင်းဆောင် Ali Khamenei က အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန် အရေးယူရန် ထုတ်ဖော်ပြောဆိုခဲ့သည်။

#PAN

AMK