အင်္ကျီရင်ဘတ် စပွန်ဆာမရှိတဲ့ ချဲယ်ဆီးအသင်း

သြဂုတ် ၁၂

     ချဲယ်ဆီးအသင်းဟာ အင်္ကျီရင်ဘတ်စပွန်ဆာ 3 နဲ့ ၂၀၂၃ နွေရာသီမှာ လမ်းခွဲခဲ့ပြီးနောက် စပွန်ဆာအသစ် အစားထိုးနိုင်ခြင်း မရှိသေးတဲ့အတွက် ၂၀၂၃-၂၄ ရာသီအစတွင် စပွန်ဆာအမှတ်တံဆိပ် ပါဝင်ခြင်းမရှိတဲ့အင်္ကျီနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

      ပြီးခဲ့သည်ရာသီ စက်တင်ဘာလရောက်မှသာ Infinite Athlete နဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ယခုအခါ Infinite Athlete နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ စပွန်ဆာအသစ် မရရှိသေးတာကြောင့် ရာသီသစ်ကို စပွန်ဆာမပါတဲ့ အင်္ကျီဖြင့်သာ ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

      ချဲယ်ဆီးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ရေရှည်လက်တွဲနိုင်မည့် စပွန်ဆာအသစ်ရှာဖွေရန် မလွယ်ကူတဲ့ အတွက် Infinite Athlete နည်းတူ ကာလတိုလက်တွဲမည့် စပွန်ဆာအသစ်ကို ရှာဖွေနေပြီး ပေါင်သန်း ၄၀ တန်ဖိုး ဝန်းကျင် ရရှိလိုကြောင်းသိရပါတယ်။

#PAN