ရန်ကုန်ဈေးကွက်သို့ ငါးမြစ်ချင်းငါး ပိဿာချိန် ၈၅,၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရ

(ပြည်တွင်း)ဩဂုတ် ၁၂

     ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများပြားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ငါးမြစ်ချင်းပိဿာချိန် ၈၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များရဲ့ ပြောပြချက်အရ သိရပါတယ်။

       ပြီးခဲ့တဲ့ ဇွန်လအတွင်း ငါးမြစ်ချင်းငါးပိဿာ ချိန် ၅၅,၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင် လ ၁ ရက်ကနေ ၃၁ ရက်အထိ ငါးမြစ်ချင်းငါးပိဿာချိန် ၈၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

       ဒါ့အပြင် ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေး ကွက်သို့ ရေထွက်ကုန်ပစ္စည်းများကို အဆက် မပြတ်တင်ပို့ရောင်းချ နေရကြောင်း၊ ပန်းတနော်မြို့နယ်မှထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး လုပ်ငန်းရှင်များသည် ငါးမြစ်ချင်း ငါးများ အပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချခြင်းဖြစ် ကြောင်း သိရပါတယ်။

      လက်ရှိတွင် ရန်ကုန်ဈေးကွက်အတွင်း တင်ပို့ရောင်းချနေတဲ့ ငါးမြစ်ချင်း ပိဿာချိန် ၁၀ ပိဿာလျှင် ငွေကျပ် ၉၅,၀၀၀ ကျပ် အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

#PAN