ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ နောင်ရိုးစည်ပင်ဘီးခွန် ကောက်ခံရေးဂိတ်ကို အကြမ်းဖက်PDFအဖွဲ့မှ လာရောက်ပစ်ခတ်မှုဖြစ်ပွား


(ပြည်တွင်း) ဩဂုတ် ၁၂

ယနေ့ ညနေပိုင်း ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ နောင်ရိုး စည်ပင်ဘီးခွန်ကောက်ခံရေးဂိတ်အား အကြမ်းဖက် သောင်းကြမ်းသူ PDF အဖွဲ့ (စိစစ်ဆဲ)မှ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာဂိတ်သို့ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲမှ သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သောင်းကြမ်းသူ PDF အဖွဲ့ (စိစစ်ဆဲ)မှ လက်နက်ငယ် ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ကြောင်းသိရပြီး ကဇိုင်းကျေးရွာအုပ်စု၊ ချောင်းပြန့်ကျေးရွာဘက်မှ မော်တော်ယာဉ်(အမျိုးအစားစိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး ကန်သာယာရပ်ကွက်၊ ဘီးလင်းမြို့မှ ကျိုက်ထိုမြို့ဘက်အထွက် ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းပိုင်းတွင် ဘီးခွန်ကောက်ခံနေသော မန္တလာမိသားစု ကုမ္ပဏီမှ ဦးမောင်မောင်စော ဦးစီး ကျား (၅)ဦး၊ မ(၂)ဦး ၊ ပေါင်း (၇)ဦးတို့ကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး အလူးကျေးရွာအုပ်စု၊ အလူးကျေးရွာဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျား (၃)ဦး၊ မ(၂)ဦးတို့တွင် လက်နက်ထိမှန် (မစိုးရိမ်ရ)ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်းသိရပြီး လုံခြုံရေးပူးပေါင်းအဖွဲ့မှ အကြမ်းဖက်များ ဆုတ်ပြေးရာလမ်းကြောင်းသို့ လိုက်လန်ရှင်းလင်းနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ