ဇူလိုင်လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေလျော့ကျ

(ပြည်တွင်း)ဩဂုတ် ၁၂

     ယခုဘဏ္ဍာနှစ် ဇူလိုင်လအတွင်းက ပြည်ပကို ဆန်၊ ဆန်ကွဲတန်ချိန် တစ်သိန်းခြောက်သောင်းကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၁ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဩဂုတ်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

       ပြီးခဲ့တဲ့ ဇွန်လကတော့ ပြည်ပကို ဆန်တင်ပို့မှု တန်ချိန် တစ်သိန်း ခြောက်သောင်းကျော်ပဲ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၈၄ သန်းအထိ ရရှိခဲ့တဲ့အတွက် ဇူလိုင်လမှာတော့ ဆန်တင်ပို့မှုက ရရှိတဲ့ ပို့ကုန်ဝင်ငွေဟာ အနည်းငယ်လျော့ကျ သွားတာ ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် လေးလတာအတွင်းမှာတော့ ပြည်ပနိုင်ငံတွေကို ဆန်၊ ဆန်ကွဲ တန်ချိန် ငါးသိန်းကျော် တင်ပို့ထားပြီးဖြစ်သလို့ အဲဒီကနေ ပို့ကုန်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅၆ သန်း အထိ ရရှိထားတယ်လို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

       ဒါ့အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာအတွင်းမှာတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ သန်းခွဲအထိ တိုးမြှင့်တင်ပို့နိုင်ဖို့ ဆောင် ရွက်နေပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်လောက် ရရှိဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။

#PAN